1. Home
  2. Special or Others

သြစတေးလျအိုးပင်းမတိုင်မီ ပြိုင်ပွဲ(၂)ခုကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ဂျိုကိုဗစ်

Special or Others ม.ค. 08, 2561 view 1,796
(၂၀၁၈)ခုနှစ် သြစတေးလျအိုးပင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ ဂျိုကိုဗစ်ကတော့ သူ့ရဲ့ကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေဖို့အတွက် ရာသီကြို ပြိုင်ပွဲ(၂)ခုကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့တဲ့ ဂရမ်းစလန်းပြိုင်ပွဲ(၄)ခုမှာ အောင်မြင်မှုတွေနဲ့ဝေးကွာခဲ့ပြီး ကမ္ဘာ့ အဆင့်(၁၂)အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂျိုကိုဗစ်ကတော့ ယခုနှစ်(၂၀၁၈)မှာ အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
 
 
ဂျိုကိုဗစ်ဟာ လာမယ့် ဇန်န၀ါရီ(၁၅)ရက်မှာ ကျင်းကမယ့်သြစတေးလျအိုးပင်းပြိုင်ပွဲ မှာ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ရာသီကြိုပြိုင်ပွဲ(၂)ခုဖြစ်တဲ့ ခူယန်း ကလက်ဆစ် တင်းနစ်ပြိုင်ပွဲနဲ့ Tie break tens ပြိုင်ပွဲ တို့ကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဇန်န၀ါရီ(၉)ရက်မှ (၁၂) ရက်ထိကျင်းပမယ့် ခူယန်း ကလက်ဆစ် တင်းနစ်ပြိုင်ပွဲမှာ ဂျိုကိုဗစ်အပါအ၀င် ဒိုမိနစ်သိမ်း၊ ဒေးဗစ်ဂေါ်ဖင်၊ မာရင်ချီလစ်တို့ လည်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Tie break tens ပြိုင်ပွဲကတော့ ဇန်န၀ါရီ(၁၀)ရက်မှာကျင်း ပမယ့်ပြိုင်ပွဲဖြစ်ပြီး အုပ်စု(၂)ခုခွဲကာ အုပ်စု(၁)စုမှာ ကစားသမား(၃)ဦးပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
 
 
အုပ်စု(၁) စုမှ ကစားသမား(၂)ဦးသာ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ မှာတော့ ဂျိုကိုဗစ်ဟာ ရာဖေးနာဒယ်၊ ၀ါရင်ကာ တို့အပါအ၀င် အခြားသောကစားသမားတွေနဲ့အတူဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကစားသမားဘ၀မှာ ဂရမ်းစလန်းပြိုင်ပွဲ(၄)ခုစလုံးရဲ့ ချန်ပီယံဆုကိုရယူ ထားနိုင်သူဖြစ်ပြီး သြစတေးလျအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆု(၆)ကြိမ်ထိရယူထားတာဖြစ်ပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2219668294725955/
 


Follow us on