1. Home
  2. Good Morning Myanmar

ဗင်းနစ်မြို့တွင်ပြသထားသော ကာတာတော်ဝင်ရတနာများပျောက်ဆုံးနေ

Good Morning Myanmar ม.ค. 08, 2561 view 1,544
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ကဒိုဂေးနန်းတော်က ပြပွဲမှာပြသထားတဲ့ ကာတာတော်ဝင် မိသားစုရဲ့ နန်းစဉ်ရတနာတွေ ဇန်န၀ါရီလ (၃)ရက်အစောပိုင်းမှာ ပျောက်ဆုံးသွားတယ်လို့ အီတလီရဲတပ်ဖွဲ့ကပြောပါတယ်။အဲဒီရတနာတွေဟာ ယူရိုငွေသန်းချီတန်ဖိုးရှိ တယ်လို့ ယူဆရပေမဲ့ နာမည်ကြီး နန်းစဉ်ရတနာတွေဖြစ်တာကြောင့် မှောင်ခိုဈေးကွက်မှာရောင်းချဖို့ အခက်အခဲရှိမှာ ဖြစ်တယ်လို့ အီတလီရဲတပ်ဖွဲ့ကပြောပါတယ်။
 
 
ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့လည်း အီတလီရဲတပ်ဖွဲ့က ပြောပါတယ်။ မဂိုနဲ့မဟာရာဂျာများ၏ ရတနာများလို့ အမည်ပေးထားတဲ့ပြပွဲမှာ အိန်္ဒိယနိုင်ငံက (၁၆)ရာစုနဲ့(၂၀)ရာစုကြားမှာ ရှိတဲ့ ရတနာတွေကို စုစည်းပြသနေပြီး ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ပြပွဲပြီးဆုံးမှာဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ ရတနာတွေဟာ ကာတာ မိသားစုကပိုင်ဆိုင်တဲ့ အယ်လ် သာနီနန်းစဉ် ရတနာတွေထဲမှာ ပါဝင်ပါတယ်။ ကျောက်မျက်ရတနာတွေကို ဖြုတ်ပြီး သီးခြားစီ ရောင်းချသွားမှာလို့ ယူဆရတယ်ဆိုပြီး ဗင်းနစ်ရဲတပ်ဖွဲ့ကပြောပါတယ်။
 
 
ရတနာတွေပျောက်ဆုံးချိန်မှာ ပြပွဲရဲ့လုံခြုံရေး စနစ်က ကောင်းကောင်း အလုပ်မလုပ်ဘူးလို့ ဗင်းနစ်ရဲချုပ် ဗီတို ဂါဂလီယာဒီ ကပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ရတနာတွေက ဘယ်ရတနာတွေလဲဆိုတာနဲ့ အဲဒီရတနာတွေရဲ့ တန်ဖိုးကိုသိရဖို့ နန်းစဉ်ရတနာတွေရဲ့ဓာတ်ပုံတွေကို လန်ဒန်မြို့မှာရှိတဲ့ ကာတာတော်ဝင်မိ သားစုဆီကိုပို့ထားတယ်လို့ အီတလီရဲတပ်ဖွဲ့ကပြောပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2219595694733215/
 


Follow us on