1. Home
  2. Good Morning Myanmar

ကြက်သွန်နီအသစ်တွေပေါ်လာပေမယ့် ဈေးမြင့်နေတာကြောင့်စာသုံးသူများ အခက်အခဲဖြစ်နေ

Good Morning Myanmar ม.ค. 09, 2561 view 1,482
ဈေးကွက်မှာ ကြက်သွန်နီအသစ်တွေပေါ်လာပေမယ့် တစ်ပိဿာကို (၄၀၀၀)၀န်းကျင်အထိ ဈေးရှိနေတာကြောင့် ၀ယ်ယူသူတွေအခက်တွေ့နေပါတယ်။ဈေးကွက်မှာ ကြက်သွန်န်ီအဟာင်းတွေဟာ ကုန်သလောက်ဖြစ်နေပြီးကြက်သွန်နီ အသစ်တွေသာ များပြားနေပေမယ့် အဟောင်းဈေးနဲ့အသစ်ဈေးဟာဈေး အတူတူဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း လက်လီရောင်းချတဲ့ ဈေးတွေမှာ မြစ်သား ကြက်သွန်အသစ်အလုံး အကြီးတစ်ပိသာကို (၄)ထောင်ကျပ်ခန့်၊ အလုံးအလတ်တစ်ပိသာကို (၃၈၀၀)ကျပ်နဲ့ အလုံးအသေး တစ်ပိသာကို (၃)ထောင်ကျပ်ခန့်ရှိတယ်လို့ သိရပါတယ်။ ဒီလိုကြက်သွန်ဈေးမြင့်တာကြောင့် အရင်က တစ်ပိသာဝယ်ရင် အခုတော့ (၅၀)သားသာဝယ်ပြီး ချွေတာသုံးရတယ်လို့ ဈေးဝယ်အိမ်ရှင်င်မတွေက ပြောပါတယ်။
 
 
ကြက်သွန်အသစ်ဟာ စပေါ်ခါစမှာ (၂)ထောင်ကျော် ဈေးရှိပြီး အခုအချိန်မှာ ဈေးမကျလာဘဲ (၄၀၀၀)၀န်းကျင်ထိ ရှိလာတာလို့ သိရပါတယ်။ ဒီလိုဈေးတက်နေမှုကြောင့် တစ်ပိသာကို (၁၈၀၀) ၀န်းကျင်သာရှိတဲ့ တရုတ်ကြက်သွန်တွေကိုအသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါဟာ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ၀ယ်ရတဲ့ဈေးတက်တာကြောင့် ဒီလိုဈေးမြင့်ပြီးလိုက် ရောင်းရတာဖြစ်ပြီး ကြက်သွန်နီအသစ်တွေဟာ အထားမခံပုပ်တာတွေရှိတာတွေကြောင့် ကြက်သွန်နီ ရောင်းချသူတွေအနေနဲ့ အမြတ်နည်းတယ်လို့ ဆိုပါတယ်။
 
 
အရင်ကကြက်သွန်အသစ်နဲ့ အဟောင်းဟာ တစ်ပိသာကို (၅၀၀)၀န်းကျင် ဈေးကွာခြားမှု ရှိနေပေမယ့် လက်ရှိမှာတော့ ဈေးကွာခြားမှု မရှိတော့ပါဘူး။ အခုလိုကြက်သွန်နီဈေးတွေ တက်နေဆဲဖြစ်ပေမယ့် ကြက်သွန်ဖြူဈေးကတော့ ဈေးကွက်အတွင်းမှာ ကျလာပြီ ဖြစ်တယ်လို့သိရပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2224682470891204/


Follow us on