1. Home
  2. Myanmar News

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီး ယာယီပြတ်တောက်မည်

Myanmar News ม.ค. 09, 2561 view 1,717
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအတွင်း ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများထိန်းသိမ်းပြုပြင်ခြင်း ၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်၍ ဇန်နဝါရီလ ၉ရက် နှင့် ၁၁ ရက်တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ အချိန်ထိ လျှပ်စစ်မီးယာယီဖြတ်တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကသတင်းထုတ်ပြန်ထားသည်။
 
 
ယင်းမှာရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ ရရှိစေရေးနှင့် ယူနစ် ပျောက်ဆုံးမှုလျော့နည်းစေရေးအတွက် မဖြစ်မနေ ဓာတ်အားပိတ်လုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ယာယီဓာတ်အားပြတ်တောမည့် မြို့နယ်များမှာ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်း တကာ၊ ထန်းတပင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင် တိုင်မြို့နယ်များရှိ ရပ်ကွက်အချို့တို့ဖြစ်ကြောင်း သိရသည်။
 
Credit .... Pyi Myanmar


Follow us on