1. Home
  2. Myanmar News

အရောင်းအဝယ်အေးစက်၊ စလစ်ဈေး ဆက်တိုက်ကျဆင်း

Myanmar News ม.ค. 09, 2561 view 1,554
၂၀၁၈ နှစ်သစ်ကာလ မှာ ကားတင်သွင်းခွင့်မူဝါဒအသစ်ကြောင့် ဂျပန်ညာမောင်းကားဈေးနှုန်းတွေ မြင့်တက်နေပါတယ်။  အဲသည်အတွက် ဝယ်လက်တွေအဆင်းနည်းပြီး  အရောင်းအ ဝယ် အေးစက်နေတယ်။ ကားတင်သွင်း တာတွေ လျော့ကျသွားတဲ့အတွက် စလစ် ဈေး ဆက်တိုက်ကျဆင်းလာပါတယ်။
 
သီရိမင်္ဂလာကားရောင်းဝယ်ရေးစခန်း က ဝါရင့်ဝယ်ရောင်း ကိုချစ်တိုးက ‘ဒီဇင် ဘာကျောင်းပိတ်ရက်နဲ့နှစ်ကူးရုံးပိတ်ရက်တွေဆက်နေတော့  ခရီးထွက်ကြတာများ ပါတယ်၊ အဲဒါကြောင့် ဝယ်လက်အဆင်း နည်းသွားသလို ကောလာဟလသတင်း တွေကြောင့်လဲ ဈေးကွက်က အေးစက်နေတယ်”လို့  ဆိုတယ်။အရင်နှစ်က ကျပ်သိန်း ၁၄၀ အထက် အထိ မြင့်တက်ခဲ့တဲ့စလစ်ဈေးဟာ သည် နှစ် မှာ ကျပ်သိန်း ၁၂၀  ဝန်းကျင်အထိ ကျဆင်းပါတယ်။ ညာမောင်းကားတွေ တင်သွင်းတာရပ်တန့်သွားတာနဲ့အတူ စလစ် ဈေးက ကျဆင်းလာတာဖြစ်တယ်။ ၂၀၁၈ မှာ ၂၀၁၄ မော်ဒယ်လ်နဲ့အထက် ဘယ်မောင်းသာ တင်သွင်းရတာဖြစ်လို့ ဈေးနှုန်းမြင့်တဲ့မော်ဒယ်လ်မြင့်တွေကို တင်သွင်းတာ လျော့ကျသွားပါတယ်။ အဲဒါကြောင့် စလစ်လိုအပ်ချက် လျော့ကျလာ ပြီး စလစ်ဈေးကလည်း ကျဆင်းလာပါ တယ်။
 
လက်ရှိမှာ သက်တမ်း နှစ် ၂၀ အမည်ပေါက်စလစ်ရဲ့ဈေးနှုန်းဟာ ကျပ် ၁၁၅ သိန်း ဝန်းကျင်ရှိပြီး သည်ထက် ဈေး အများကြီးကျဆင်းသွားဖို့တော့မရှိ ဘူးလို့ ကားတင်သွင်းရောင်းချသူတွေက သုံး သပ်ပါတယ်။
 
Source  >>>  kumudranews


Follow us on