1. Home
  2. Special or Others

အွန်လိုင်းမှာပြီး ပစ္စည်းမယူတဲ့အတွက် မိုင် ၅၀၀ ဝေးတဲ့ခရီးကို သူဠေးကိုယ်တိုင်ညလုံးပေါက်မောင်းလာပြီး လာရောက်ပါးရိုက်

Special or Others ม.ค. 10, 2561 view 1,501

အွန်လိုင်းမှ ပစ္စည်းဝယ်ယူသူတစ်ဦးဟာ မှာယူခဲ့တဲ့ပစ္စည်းအပေါ်မကျေနပ်ချက်ပြောဆိုခဲ့တဲ့အတွက် ကုမ္ပဏီ ပိုင် ရှင်မှ မိုင်ငါးရာခန့်ဝေးတဲ့နေရာကို ကိုယ်တိုင်သွားပြီး ပညာပြခဲ့ပါတယ်။

ဖြစ်ပုံကတော့ Xiao Li အမည်ရတဲ့အမျိုးသမီးဟာ Mr. Zhang ပိုင်တဲ့ အွန်လိုင်းပစ္စည်းရောင်းချတဲ့ကုမ္ပဏီမှ သူမသဘောကျတဲ့ပစ္စည်းမှာယူခဲ့တဲ့အတွက် ကုမ္ပဏီဒရိုင်ဘာမှ မိုင်ငါးရာခန့်ဝေးတဲ့သူမအိမ်ကို သွားရောက်ပို့ ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူမဆီကို လေးရက်နောက်ကျပြီး ရောက်သွားခဲ့တဲ့အတွက် မယူတော့ဘူးလို့ အတင်းငြင်းဆန်နေခဲ့ပါတယ်။ ကုမ္ပဏီ ဒရိုင်ဘာမှ ဒီကိစ္စကို ပြန်လည်တိုင်ကြားခဲ့တဲ့အတွက် Mr. Zhang ကိုယ်တိုင် လိုက်လာပြီး သူမကို လူပုံလည်မှာ ပါးရိုက်ကာ မြေကြီးပေါ်လဲကျတဲ့အထိ အဆက်မပြတ် ကန်ကျောက်ခဲ့ပါတယ်။

သူမလဲကျသွားတော့မှ ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးဟာ ဆေးရုံသို့ယူဆောင် သွားခြင်းခံရပြီး ဒဏ်ရာများစွာရခဲ့ကာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

Mr. Zhang က သူမကို ပညာပေးဖို့အတွက် မိုင် ၅၀၀ ဝေးတဲ့ခရီးကို တစ်ညလုံးမောင်းလာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ရဲတွေကတော့ အမှန်အမှားဆုံးဖြတ်ဖို့ ငြင်းဆန်နေကြပြီး ဒီကိစ္စကို စစ်ဆေးဖို့ လက်ခံထားကြပါ တယ်။

 



Follow us on