1. Home
  2. Special or Others

ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့ လူသားဘဝ

Special or Others ม.ค. 11, 2561 view 1,683
တစ်ခါတုန်းက ဘုရားသခင်ဟာ ပထမဆုံးနဲ့ကျွဲကိုဖန်ဆင်းခဲ့ပြီး ဖန်ဆင်းပြီးတဲ့အခါမှာ ကျွဲကို မင်းဟာ အသက် ၆၀ အထိနေရမယ်။ဒါပေမဲ့ မင်း မင်းတစ်ဘဝလုံး လူသားတွေကို အလုပ်အကျွေးပြုရမယ်လို့ တာဝန်ပေးခဲ့ပါတယ်။
 
ဒါပေမဲ့ ကျွဲဟာ ဘုရားသခင်ကို သူ့ရဲ့သက်တမ်းကို နှစ် ၃၀ အထိလျော့ပေးဖို့ ပြောပါတယ်။ အဲ့ဒီအတွက် ကျွဲရဲ့ သက်တမ်းဟာ နှစ် ၃၀ သာနေရပါတယ်။

ဒုတိယ ဖန်ဆင်းခြင်းအနေဖြင့် ဘုရားသခင်ဟာ မျောက်ကို ဖန်ဆင်းခဲ့ပြီး မျောက်ကို မင်းအသက် ၃၀ အထိနေရမယ်။ ဒါပေမဲ့ မင်းလူသားတွေ ပျော်ရွင်အောင် ဖျော်ဖြေပေးရမယ်လို့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မျောက်ဟာ ဘုရားသခင်ကို ၁၅ နှစ်သက်တမ်းသာ ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ အဲ့ဒီအတွက် မျောက်ဟာ ၁၅ နှစ်သာနေရပါတယ်။

တတိယအနေဖြင့် ဘုရားသခင်ဟာ ခွေးကိုဖန်ဆင်းခဲ့ပြီး ခွေးကို နှစ် ၃၀ သက်တမ်းပေးခဲ့ပြီး လူတွေကို ကာကွယ်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ခွေးက သက်တမ်း ၁၅ နှစ်သာထားဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့ပါ တယ်။

နောက်ဆုံးမှာတော့ ဘုရားသခင်ဟာ လူကိုဖန်တီးပြီး မင်းရဲ့အလုပ်ကတော့ ဘဝကို ပျော်ပျော်နေဖို့ပဲ။ ဒီလိုဘ၀ မျိုးရတဲ့အတွက် မင်းသက်တမ်း ၂၅ နှစ်သာရမယ်လို့ ပြောခဲ့ပါတယ်။
 
ဒါပေမဲ့ လူဟာ သက်တမ်း ၂၅ နှစ်သာရတဲ့အတွက် မပျော်မရွင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင် စွန့်လွှတ်ပေးခဲ့တဲ့ ကျွဲသက်တမ်းနှစ် ၃၀၊ ခွေးသက်တမ်း ၁၅နှစ် နဲ့ မျောက်သက်တမ်း ၁၅ နှစ် ထပ်မံပေါင်းပေးပြီး စုစု ပေါင်း ၈၅ နှစ်သက်တမ်းပေးဖို့ တောင်းပန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘုရားသခင်ဟာ လူကို ၈၅ နှစ် သက်တမ်းပေးခဲ့ပါတယ်။
 
သူ့ရဲ့ ပထမဆုံး ၂၅ နှစ်မှာ သူဟာ ပျော်ပျော်ရွင်ရွင်၊ အပူအပင်မရှိ ဘဝကို သူပျော်နိုင်သမျှ ဖြတ်သန်းခဲ့ပါ တယ်။

ကျွဲသက်တမ်းဖြစ်တဲ့ ၂၆ နှစ်မှ ၅၅ နှစ်ကြားမှာတော့ သူဟာ သူရဲ့ မိသားစုအတွက် ကျွဲလို အပင်အပန်းခံပြီး ရှာဖွေကျွေးမွေးခဲ့ရပါတယ်။
 

မျောက်သက်တမ်းဖြစ်တဲ့ ၅၆ မှ ၇၀ ကြားမှာတော့ အလုပ်မှအနားယူခဲ့ပြီး မျောက်လိုပဲ သူ့မြေးတွေကို စလိုက် နောက်လိုက်နဲ့ ပျော်ရွင်အောင် ထားပေးရပါတယ်။

ခွေးသက်တမ်းဖြစ်တဲ့ ၇၁ နှစ်နဲ့ ၈၅ နှစ်ကြားမှာတော့ သူဟာအလုပ်လဲမလုပ်နိုင်တော့ပါဘူး။ လမ်းလဲကောင်း ကောင်း မလျှောက်နိုင်တော့တဲ့အတွက် သူနောက်ဆုံးလုပ်နိုင်တာကတော့ အိမ်ကို စောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။

လူသားတွေရဲ့ ဘဝဟာ အရမ်းတိုတောင်းပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့မိဘဆီမှ ပျော်ရွင်မှုတွေကို ထွေး ပိုက်ပြီး မွေးလာရပေမဲ့ တစ်နေ့မှာတော့ ဝမ်းနည်မှုတွေကို ထွေးပိုက်ပြီး စွန့်ခွာရမှာပါ။ အဲ့ဒါကြောင့် ကျွန်တော် တို့ဘဝဟာ ဒီပုံပြင်လေးနဲ့ဆင်ပါတယ်။

 



Follow us on