1. Home
  2. Special or Others

Myanmar Idol Season 3 မှာ ဘာတွေ ထူးခြားလာမလဲ..?

Special or Others ม.ค. 12, 2561 view 1,930

Season 2 မှာ မြန်မာတစ်နိုင်ငံလုံးက သည်းသည်းလှုပ်အားပေးခဲ့ကြတဲ့ Myanmar Idol ရဲ့ တတိယနှစ်မြောက် Season 3 အတွက် စတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ(၁၁)ရက်နေ့က ရန်ကုန်မြို့ရှိ MELIA ဟိုတယ်မှာ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ် Myanmar Idol Season 3 မှာ ဆုကြေးငွေကို ကျပ်သိန်း ၅၀၀ ထိ တိုးမြှင့်လိုက်ပြီး အကဲဖြတ်ဒိုင်လူကြီး (၄)ဦး ပါဝင်လာမှာဖြစ်ပါတယ်။
အကဲဖြတ်ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ တင်ဇာမော်၊ မျိုးကျော့မြိုင် နဲ့ အကယ်ဒမီရန်အောင်တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အသံစစ်ဆေးမှုများကို မြန်မာနိုင်ငံရှိ မြို့ကြီး (၅)မြို့  (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေး၊ ပုသိမ်)မြို့များနှင့် နီးစပ်သောမြို့ငယ် (၁၁)မြို့ (မုံရွာ၊ မိုးကုတ်၊ ကလော၊ အင်းလေး၊ ပုဂံ၊ ရေနံချောင်း၊ ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူး)တို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်အတွက် ထူးခြားတဲ့ အစီစဉ်တစ်ရပ်အဖြစ် မြစ်ကြီးနား၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ နှင့် မြိတ်မြို့များတွင်ပါ သွားရောက် အသံစစ်ဆေးရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံရပ်ခြားတွင်ရေက်ရှိနေသော မြန်မာနိုင်ငံသားများပါ ဝင်ရောက်ယှည်ပြိုင်နိုင်ရန် Global Audition ကိုလည်း စီစဉ်ထားကြောင်း သိရှရသည်။

Myanmar Idol Season 3 ထုတ်လွှင့်ပြသမှုကို လာမည့် ဧပြီလ (၂၁)ရက်နေ့မှ စတင်ကာ mntv, Channel 9 တို့တွင် စတင်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

Photo: Irrawaddy
 



Follow us on