1. Home
  2. Special or Others

အ၀လွန်နေပါသလား……….. ချစ်ခွင့်ပန်လိုက်ပါ။

Special or Others ม.ค. 12, 2561 view 1,502

 သင့်ရဲ့အ၀လွန်တဲ့ ခန္ဓာကိုယ်ကြောင့် ချစ်ခွင့်ပန်တိုင်း အမြဲတမ်း အငြင်းခံနေရပြီး သင့်သူငယ်ချင်းတွေက သင့်နောက်ကွယ်မှာ လှောင်ပြောင်နေတယ်လို့ စဉ်းစားကြည့်ပါ။ ဒါကိုတွေးလိုက်ရင် သင့်အနေနဲ့ စိတ်ညစ်စရာ ပါပဲ။ ဒါတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်ကြုံတွေ့နေကြ အရာတွေပါ။

မကြာသေးခင်က Mos Sataporn ဟာ သူ့ရဲ့ ပေါင် ၁၅၅ ကီလိုခန္ဓာကိုယ့်ကြောင့် သူငယ်ချင်းတွေရဲ့ ဟာသပြုလုပ်တာကို အမြဲတမ်းခံနေရပြီး ဟာသပြုလုပ်တိုင်း သည်းခံနိုင်ခဲ့ပါတယ်။ သူ့ကြိုက်နေတယ့် ကောင်မလေး သူ့ကို မငြင်းခင်အထိပါ။

အငြင်းခံလိုက်ရတဲ့ အဓိက အကြောင်းပြချက်ကတော့ အရမ်းဝလို့ပါတဲ့။

အငြင်းခံရပြီးနောက်ပိုင်းမှာ သူဟာ စိတ်နာနာနဲ့ပဲ သူ့ရဲ့ ပုံစံအားလုံးကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ ခန္ဓာကိုယ်ကျန်းမာစေမဲ့ အစားအစာတွေကိုသာ စားခဲ့ပြီး အားကစားရုံကိုလည်း နေ့တိုင်း သွားခဲ့ပါတယ်။

သူက သူ့ရဲ့ အကျင့်ဖြစ်နေတယ့်ပုံစံကို အချိန်တော်တော်ကြာ ပြုပြင်ပြောင်းလဲယူလိုက်ရတယ်လို့ ၀န်ခံခဲ့ပါတယ်။သူဟာ မနက်တိုင်း အားကစားပြုလုပ်ပြီး အားကစားလုပ်ရတာ အရမ်းပင်ပန်းတဲ့အတွက် လက်မြောက်အရှူံးပေးဖို့တောင် ပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

ဒါပေမဲ့ သူအရှူံးမပေးခဲ့တဲ့အတွက် တစ်လအတွင်းမှာ ပေါင် ၅ ကီလိုလောက် ကျ သွားပါတယ်။ နောက်ဆုံးမှာတော့ သူ ၇၅ ကီလိုလောက် လျှော့ချနိုင်ခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ ရှည်တဲ့အရပ်နဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ့်ကြောင့် ပျိုမေတွေကြားမှာ ရေပန်းစားနေပါပြီ။ သူ့ရဲ့ ကြိုးစားမှုတွေဟာ ထိုင်းနိုင်ငံ လူမှုကွန်ယက်မှာ နာမည်ကြီးနေပြီး ၀ိတ်ကျလိုသူတွေအတွက် စံပြပုဂ္ဂိုလ်အဖြစ် မီဒီယာများက ချီးကျူးထားကြပါတယ်။



Follow us on