1. Home
  2. Football

ဒဏ်ရာပြဿနာတွေထဲမှ ရုန်းမထွက်နိုင်သေးတဲ့ ဝီရှိုင်းယား

Football ม.ค. 15, 2561 view 1,591
မကြာခဏဒဏ်ရာရရှိလေ့ရှိတဲ့ အာဆင်နယ်အသင်းကွင်းလယ်လူဝီရှိုင်းယားဟာ ယနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ချဲလ်ဆီးအသင်းနဲ့ လိဂ်ဖလားဆီးမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဒဏ် ရာထပ်မံရရှိသွားခဲ့ပါတယ်။ ဝီရှိုင်းယားဟာ ဒဏ်ရာပြဿနာတွေကြောင့် အမြဲရုန်းကန်ခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ယခုနှစ်မှာ ဒဏ်ရာတွေထဲမှ ရုန်းထွက်ကာ အာဆင်နယ်အသင်းနဲ့ ပွဲထွက်ခွင့်ရရှိလာတာဖြစ်ပါတယ်။ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာခဲ့တဲ့ ယခုနှစ်ဘော လုံးရာသီမှာတော့ အသင်းဖော်ကွင်းလယ်ကစားသမားအချို့ ပွဲပယ်ခံရမှုနဲ့ဒဏ်ရာရရှိမှုတွေကြောင့် အသင်းမှာပွဲ ထွက်ခွင့် ပြန်လည်ရရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲ ပါဝင်ကစားထားတာဖြစ်ပါတယ်။
 
 
ဒါပေမယ့်လည်း ယနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ လိဂ်ဖလားဆီးမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာထပ်မံရရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အဖြစ်ယှဉ်ပြိုင်ကစားမယ့် ဘုန်းမောက်အသင်း နဲ့ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပါတယ်။ ဝီရှိုင်းယားဟာ အာဆင်နယ်အသင်းနဲ့ ပွဲထွက်ခွင့်ပြန်လည်ရရှိပြီး ခြေစွမ်းပြကစားနေတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့အတွက် နည်းပြဆောက် ဂိတ်ရဲ့စောင့်ကြည့်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ ယခုလိုအချိန်မှာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတာဟာ ဝီရှိုင်းယားအတွက် စိတ်ပျက်ဖွယ်ဖြစ်ပြီး အနားယူရမယ့်အချိန်ကိုလည်း အတိအကျမသိသေးတာဖြစ်ပါတယ်။ ဝီရှိုင်းယားဟာ (၂၀၁၆)ခုနှစ်၊ဧပြီလက ခြေသလုံးရိုးကျိုးဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် (၈)လကျော်အနားယူခဲ့ရတာဖြစ်ပါတယ်။
 
 


Follow us on