1. Home
  2. Special or Others

ကြည်နူးဖွယ် ဖခင်မေတ္တာ

Special or Others ม.ค. 15, 2561 view 1,491

လူတိုင်းဟာ သာမန်ကားတွေထက်စာရင် ပိုပြီးကြီးသော၊ မြန်သော ဇိမ်ခံကားတွေကို သဘောကျတတ်ပါတယ်။ သူတို့တွေဟာ ဒီကားတွေကို ကားပြင်ဌာနကို အမြဲတမ်း လိုလိုပို့ပြီး အပြစ်အနာ စစ်ဆေးကြည့်၍ အမြဲတမ်းကောင်းမွန်အောင် ထားတတ်ကြပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်မှာရှိတဲ့ ကလေးအဖေတစ်ယောက်ဖြစ်သူကတော့ သူများတွေလိုမဟုတ်ခဲ့ ပါဘူး။ သူဟာ သူရဲ့ကားတွေကို သူ့ရဲ့သမီးလေး ပုံဆွဲဖို့ ပိတ်ထူစတစ်ရွက်လို့သာသဘောထား ပါတယ်။ ကလေးအဖေဖြစ်သူ Mr.Yan ဟာ သူရဲ့သမီးလေးဆွဲထားတဲ့ အကြိုက်ဆုံး ပုံတစ်ချို့ကို သူ့ရဲ့ facebook ပေါ် မှာတင်ခဲ့ပါတယ်။ သူ့နေရာမှာ တစ်ခြားသောမိဘတွေဆိုလျှင် စိတ်ဆိုးကောင်း စိတ်ဆိုးမိကြမှာပါ။ ဒါပေမဲ့ Mr.Yan ကတော့ ဒီပုံတွေကို တစ်သက်လုံးဖျက်သွား မည်မ ဟုတ်ဘဲ သူ့ရဲ့သမီးလေးကြီးလာလျှင် ချိုမြိန်တဲ့ အမှတ်တရတွေဖြစ်စေဖို့ သိမ်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

                သူ့ရဲ့သမီးလေးဟာ ကားတံခါးဘေးတွင် မိသားစု ပုံကိုအပေါ်မှ တိမ်တွေဖြင့်ဆွဲခဲ့ ပြီး ထိုမိသားစုအကြောင်းကိုလည်း ပုံအောက်မှာ စာရေး၍ရှင်းပြထားခဲ့သည်။ ထိုမိသားစု ပုံ၏ ဘယ်ဘက်ဘေး အဆုံးမှာတော့ သူမရဲ့ သေဆုံးသွားသော အဖိုးဖြစ်သူကို ပါထည့်ဆွဲ ထားခဲ့ပါတယ်။ ဒီပုံမှာ မိသားစုတစ်စု ရဲ့အဓိပ္ပာယ် ကို ထင်ထင်ရှားရှား ပြောပြနေပါတယ်။ မိသားစု ပုံကိုရေးဆွဲ ပြီဆုံးသွားပြီး နောက် Dragon Ball မှ ဂိုကု ပုံကိုထပ်မံ ရေးဆွဲခဲ့ပါတယ်။ ဒီပုံကတော့ အရင်ပုံနဲ့ ဆွဲပုံခြင်းမတူဘဲ တစ်မူ ကြည့်ကောင်းနေပါတယ်။ ဒီလိုပုံတွေအများ ကြီးရှိနေတာ တောင် မှ Mr.Yan ကဒီပုံတွေကို သိမ်းသွားမည်ဖြစ်ပြီး ဘယ်တော့မှဖျက်သွားမည်မဟုတ် ကြောင်းလည်းကတိထားခဲ့သည်။



Follow us on