1. Home
  2. Special or Others

ညီမအတွက် အသက်ကိုပင် စွန့်လွတ်နိုင်သော ၇ နှစ်အရွယ် ကောင်မလေး

Special or Others ม.ค. 15, 2561 view 1,442

              ဒီဖြစ်ရပ်ဟာတရုတ် နိုင်ငံ ဟူနန်မှာမြို့မှာဖြစ်ခဲ့တာပါ။ တရုတ်ပြည်တွင်းသတင်းအရ အသက် ၇နှစ်အရွယ် Wang Yuu ဆိုတဲ့ ကောင်မလေးနဲ့ သူ့ညီမလေးဟာ အရိုးနုရောဂါကို ခံစားနေရပါ တယ်။ ဒီရောဂါဟာ သွေးအားနည်းခြင်းကြောင့်ဖြစ်ကာ အရိုးတွေ တစ်ဖြည်းဖြည်းအက်လာပြီး ခုခံနိုင်စွမ်းကျဆင်း၍ မျက်မမြင်၊နားမကြားနှင့် နောက်ဆုံးအသက်ပါ သေဆုံးနိုင်ပါတယ်။ Wang Yuu ဟာတစ်နေ့ထက်တစ်နေ့ ရောဂါအခြေအနေ ပိုပိုဆိုးလာနေပြီး အချိန်မရွေးသေဆုံးသွားနိုင်သော်လည်း မိသားစုအခြေအနေကြောင့် ခေတ်မှီဆေးကုသမှုကို ငြင်းဆန်နေပြီး တရုတ်ရိုးရာ ဆေးကိုသာ နေ့စဉ်သောက်လျှက်ရှိပါတယ်။ ယခုဆိုလျှင် စာတောင်မဖတ်နိုင်တော့လောက်အောင်ပင်မျက်စိ အခြေအနေတစ်ဖြည်းဖြည်း ဆိုးဝါးလာပြီး အသက်ပင်ရှုရန်ခက်ခဲ လာသည်ဟု ဆိုသည်။ ကံကောင်းစွာပင် သူမအတွက် အရိုးအလှူရှင်ကို ရှာဖွေတွေ့ရှိခဲ့ ပြီး ခေတ်မှီစက်ပစ္စည်းများနှင့်ဆိုလျှင် ရောဂါကိုပင် ပျောက်ကင်းနိုင်အောင် ကုသနိုင်မည်လည်းဖြစ်သည်။ သို့သော် ဆေးကုသစရိတ်မှာ ထင်ထားသည်ထက်များပြားနေခဲ့သည်။ Wang Yuu ၏ဖခင်မှာ မိတ်ဆွေများထံမှ ငွေများချေးလာခဲ့သော်လည်း တစ်ယောက် သာကုသနိုင်မည့် ငွေကြေးပမာဏသာရရှိခဲ့သည်။

                ထို့ကြောင့် Wang Yuu ကသူမ၏ဖခင်ကို သူမ၏စုဆောင်းထားသောငွေ ကိုထုတ်ပေး၍ “ ဖေဖေ သမီးညီမလေးကိုသာ ကုပေးပါ၊သမီးက အသက်၇ နှစ်တောင်နေခဲ့ပြီးပါပြီ၊ သမီး ညီမလေးက ငယ်ပါသေးတယ်၊ သမီးရဲ့ ခွဲစိတ်ကုသမှုကိုလက်လွတ် လိုက်တော့မယ်” ဟုပြောခဲ့သည်။ ဖခင်ဖြစ်သူမှာသမီး ဖြစ်သူ၏ ဆန္ဒကိုသာ လိုက်လျှောရုံသာ လွဲ၍ဘာမှ မလုပ်နိုင်ခဲ့ပါ။ ယခု ထိုဖြစ်ရပ်ကို လူသိများ၍ Wang Yuu နှင့် သူမ၏ညီမလေးအတွက် ပြည်သူများမှ အဖွဲ့အစည်းတစ်ခုထောင်၍ ငွေကြေးလှူဒါန်းကူညီ ကြကြောင်းသိရသည်။



Follow us on