1. Home
  2. Special or Others

မောင်နှမ ၁၃ ယောက်လုံးကို မိဘနှစ်ပါးမှ အစာမကျွေးဘဲ ညှဉ်းပန်းနှိပ်စက်

Special or Others ม.ค. 16, 2561 view 1,587

တနင်္ဂနွေနေ့ မနက်စောစောခန့်က ကယ်လီဖိုးနီးယားနိုင်ငံ ရဲတွေဟာ အရိုးပေါ်အရည်တင်ဖြစ်နေတဲ့ အသက် ၂ နှစ်မှ ၂၉ နှစ် အရွယ်စုံဖြစ်တဲ့ မောင်နှမ ၁၃ ယောက် နှိပ်စက်ခံထားရတာကို သူတို့ရဲ့မိဘအိမ်မှာ တွေ့ရှိခဲ့တဲ့အတွက် မိဘနှစ်ဦးစလုံးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဖြစ်ပုံမှာ အဲ့ဒီနေ့ မနက်ခန့်က အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အိမ်ထဲကနေ သူတို့ရဲ့မိဘတွေမရှိချိန်မှာ ခိုးထွက်လာခဲ့ပြီး သူမရဲ့ ညီအကို မောင်နှမ ၁၂ ယောက်လုံး ဖမ်းဆီးခံထားရတယ်လို့ ရဲကို ဖုန်းဆက်တိုင်ခဲ့ပါတယ်။ ရဲတွေဟာ ဖုန်းရခဲ့တဲ့အတွက် သွားရောက်ကယ်ဆယ်ခဲ့ပြီး အဲ့ဒီဆယ်ကျော်သက်ကလေးမကို လမ်းမှာ ဖြစ်ကြောင်းအစုံရှင်းပြခိုင်းခဲ့ပြီး သူတို့ရဲ့ မိဘနှစ်ဦးစလုံးကို ဖုန်းဆက်အကြာင်းကြားခဲ့ပါတယ်။

ရဲတစ်ယောက်မှ ပြောပြချက်အရ မောင်နှမအားလုံးဟာ မှောင်မဲနေပြီး အနံ့အသက်ဆိုးဝါးတဲ့ သူတို့အခန်းရဲ့ကုတင်တိုင်မှာ ကိုယ်စီလက်ထိပ်ခတ်ခံထားရပြီး မိဘနှစ်ယောက်လုံးကို ဒီလိုလုပ်ရတဲ့အကြောင်းရင်းကို မေးခဲ့တဲ့အခါမှာ  ပြန်မ ဖြေနိုင်ခဲ့ကြောင်း သိရပါတယ်။

မောင်နှမ ၁၃ ယောက်လုံးဟာ အစာရေစာ ကောင်းမွန်စွာ မစားရတဲ့အတွက် ပိန်ကပ်နေပြီး တစ်ကိုယ်လုံး ညစ်ပတ်နေပြီး အသက် ၂၉ နှစ်နဲ့ အထက်တွေကို အကြောင်းစုံ မေးမြန်းဖို့နဲ့ ဆေးကုသမှုပေးဖို့ အတွက် ရဲစခန်းသို့ ခေါ်သွားခဲ့ပါတယ်။

ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ (Child Protective Service ) နဲ့ လူငယ်စောင့်ရှောက်ရေးအဖွဲ့ ( Adult Protective Service ) တို့က သူတို့ရဲ့ မိဘနှစ်ဦးစလုံးကို တရားစွဲဖို့ပြင်ဆင်နေကြပြီး တစ်ယောက်ကို ဒေါ်လာ သန်း ၉၀၀ ဆီ လျော်ကြေးပေးဖို့ တရားရုံးကို လျှောက်တင်ခဲ့ပါတယ်။



Follow us on