1. Home
  2. Special or Others

ကားတစ်စီးမှ ဒုတိယအထပ်သို့ ပျံသန်းဝင်ရောက်

Special or Others ม.ค. 16, 2561 view 1,426

သံသယဖြစ်သူနဲ့ သူ့အဖွဲ့ရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် သူတို့ရဲ့ကားဟာ Santa Ana မြို့နယ် 17th လမ်းမှာရှိတဲ့ သွားဆေးခန်းဒုတိယထပ်ထဲသို့ အရှိန်ပြင်းပြင်းနဲ့ပဲ ပျံသန်းဝင်ရောက်သွားခဲ့ပါတယ်။

ဒီလို ၀င်တိုက်မှုကြောင့် ကားနဲ့ အဆောက်အအုံနှစ်ခုစလုံး မီးလောင်ခဲ့ပြီး မီးသတ်သမားများမှ လျှင်မြန်စွာ ငြိမ်း သတ်နိုင်ခဲ့ပါတယ်။ကားမောင်းသူဟာ ကားမမောင်းခင်အချိန်တုန်းက မူးယစ်ဆေးသုံးမိကြောင်း ၀န်ခံခဲ့ပြီး ဒဏ်ရာများကုသရန် ဆေးရုံသို့ ပို့ပေးခဲ့ကြပါတယ်။  

ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မီးသတ်သမားများကယ်ဆယ်နေချိန်မှာ ကားအောက်သို့ မပြုတ်ကျသွားစေဖို့ အတွက် မြေတူးစက်များကို အသုံးပြုခဲ့ပါတယ်။

သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့မှလည်း ကယ်ဆယ်ရေးအတွက် အကူအညီများတောင်းခံခဲ့ပြီး သူတို့ရဲ့ ဆွဲကားဖြင့် ညှပ်နေတဲ့ကားကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။

မီးသတ်သမားများမှ ကားတွင်းမှ ခရီးသည်များကို ကယ်ဆယ်ရန် မီး သတ်လှေကားများ အသုံးပြုခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှု ကြီးကြီးမားမားမရှိကြောင်း သိရပါတယ်။



Follow us on