1. Home
  2. Special or Others

မင်္ဂလာပွဲကို ဆန်းဆန်းကြယ်ကြယ် ကျင်းပခဲ့ကြတဲ့ စုံတွဲ

Special or Others ม.ค. 17, 2561 view 1,646

စုံတွဲတစ်တွဲ လက်ထပ်တော့မယ်ဆိုရင်  သူတို့ရဲ့မင်္ဂလာပွဲကျင်းပမဲ့နေရာကို အခြားသူတွေထက် ပိုကြီးကြယ် ပိုခမ်းနားအောင် ပထမဆုံးစဉ်းစားတတ်ကြပါတယ်။အချို့ကတော့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ရိုးရာနည်းလမ်းအတိုင်း မင်္ဂလာဆောင်လိုကြပြီး တစ်ချို့ကြတော့ စိတ်ကူးယဉ်ဆန်တဲ့ ကမ်းခြေ နေ၀င်ချိန်တွေမှာ မင်္ဂလာဆောင်လိုကြပါတယ်။ ဒါပေမဲ့ ဒီစုံတွဲကတော့ ထူးထူးခြားခြား လေထဲမှာ ရိုးရာအတိုင်း မင်္ဂလာဆောင်လိုကြပါတယ်။

ဒီစုံတွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကို ပေတစ်ရာမြင့်တဲ့ Chaya တောင်နံရံတွေမှာ ကပ်တွယ်လျက် ကျင်းပခဲ့ကြပြီး ဒီ တောင်တန်းဟာလည်း တရုတ်နိုင်ငံရဲ့ နာမည်ကြီးရာဇ၀င် ဇာတ်လမ်းတွဲဖြစ်တဲ့ စွန်းဝူခုန်းရဲ့ “Journey to the West” ရုပ်ရှင်ကားရိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

သူတို့တောင်တက်ရာမှာ ကူညီပေးခဲ့တဲ့ တောင်တက်သမားများကလည်း သူတို့ရဲ့ မင်္ဂလာပွဲကို ကောင်းချီးပေးဖို့ အတွက် စွန်းဝူခုန်းကားထဲမှ သရုပ်ဆောင်များပုံစံ ၀တ်ဆင်ကာ တက်ရောက်ခဲ့ကြပါတယ်။

ဒီစုံတွဲဟာ တရုတ်နိုင်ငံ တစ်ကိုယ်တည်းသမားများကို ဂုဏ်ပြုတဲ့ Singles day ကို ဟာသပြုလုပ်ပြီး အဲ့ဒီနေ့မှာပဲ မင်္ဂလာပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကျင်းပရာနေရာဟာ အခြားမင်္ဂလာပွဲများကဲ့သို့ ခမ်းခမ်းနားနားမရှိခဲ့သော်လည်း တောင်နံရံတွေမှာလည်း မင်္ဂလာပွဲ ကျင်းပလို့ရတယ်ဆိုတာကို သက်သေပြခဲ့ကြပါတယ်။

မင်္ဂလာ သတို့သမီးမှလည်း သူမရဲ့အလှအပအစား အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးခဲ့ပြီး ဒေါက်ဖိနပ်အစား အားကစားဖိနပ်ကိုဝတ်ဆင်ခဲ့ပါတယ်။

 



Follow us on