1. Home
  2. Special or Others

ဘ၀ခရီးလမ်းကြမ်းသော်လည်း အရှူံးမပေးတဲ့ ၈ နှစ်အရွယ်ကောင်လေး

Special or Others ม.ค. 17, 2561 view 1,505

တရုတ်နိုင်ငံမှာရှိတဲ့ အသက် ၈ နှစ်အရွယ်ကောင်လေး Qu Sinian ဟာ ဒုတိယတန်းကျောင်းသားတစ်ယောက် ဖြစ်ပြီး အတန်းထဲမှာ အမြဲတမ်း ပထမရနေသူလေးပါ။ ဒါပေမဲ့ Qu ဟာ သူ့ရဲ့ဘ၀ပေးအခြေအနေကြောင့် ငယ်စဉ်ကတည်း က ဆင်းရဲဒဏ်ကို ခံစားခဲ့ရပါတယ်။

Qu ဟာ သူ့ရဲ့ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေကို လုပ်ဖို့အတွက် နေ့စဉ်နေ့တိုင်း သူတို့ရဲ့ အိမ်နားမှာရှိတဲ့ တံတားပေါ်မှာ စာလုပ်ခဲ့ရပါတယ်။

သူ့တို့ရဲ့အိမ်ခန်းဟာ တံတားပေါ်မှာလောက် မလင်းကျင်းတဲ့အတွက် ကောင်လေးဟာ နေ့စဉ် တံတားဆီသွားရပြီး သွားတဲ့အခါတိုင်း နေမကောင်းတဲ့ အမေက အဖော်အဖြစ် လိုက်ပေးခဲ့ပါတယ်။ အခုတော့ သူဟာ ဖြတ်သန်း သွားလာနေတဲ့ ကားသံတွေကိုတောင် နားယဉ်နေပါပြီ။

ဆင်းရဲလှတဲ့ Qu ဟာ နေ့တိုင်း လေးနာရီတိတိ တံတားပေါ်မှာ စာကျက်တတ်ပြီး ပြီးသွားတဲ့အခါမှာ ရှစ်မီတာသာ ကျယ်ဝန်းတဲ့ သူတို့ရဲ့ ငှားထားတဲ့အိမ်ခန်းလေးကို ပြန်ပြီး မိခင်ကို ကူညီရပါတယ်။Qu ရဲ့ အမေက သူတို့မိသားစုဟာ ဆင်းရဲလှတဲ့အတွက် တစ်အိမ်လုံးမှာ မီးလုံးသေးသေးလေးတစ်ခုသာ ထွန်းနိုင်ပြီး အိမ်ထဲမှာ အိမ်စာလုပ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

 လွန်ခဲ့တဲ့ရှစ်နှစ်ခန့်က Qu ရဲ့ဖခင်ဟာ အလုပ်မှာ မတော်တဆမှုဖြစ်ခဲ့ပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကာ သူ့ရဲ့မိခင်မှာလည်း သူ့မရဲ့ နှလုံးရောဂါကြောင့် အလုပ်မလုပ်နိုင်တော့ကြောင်း ပြောခဲ့ပါတယ်။သူ့ရဲ့ ဖခင်ဟာ တစ်လမှာ ကန်ဒေါ်လာ ၁၅၃ ဒေါ်လာသာရှာနိုင်ပြီး တစ်ဝက်ခန့်ဟာ အိမ်ငှားခထဲရောက်သွား ကြောင်း၊ ၁၅ ဒေါ်လာကိုမူ ထမင်းချက်ဖို့နဲ့ အေးတဲ့ညတွေမှာ နွေးစေဖို့ မီးသွေးဝယ်ရာမှာ သုံးကြောင်းသိရပါ တယ်။

Qu ဟာ သူကြီးလာတဲ့အခါမှာ နေမကောင်းတဲ့မိဘတွေကို ဆေးကုပေးနိုင်တဲ့ဆရာဝန် ဖြစ်ချင်တယ်လို့ ပြောခဲ့ပြီး အိမ်ထဲမှာ စာကျက်နိုင်ဖို့ စားပွဲတင်မီးအိမ်တစ်လုံးလိုချင်တယ်လို့ ဖြေခဲ့ပါတယ်။

                                                                                                                                                     



Follow us on