1. Home
  2. Special or Others

Vivo မှ ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး ဖုန်းအမျိုးအစားသစ်

Special or Others ม.ค. 18, 2561 view 1,564

အချိန်နဲ့အညီ တိုးတက်လာတဲ့ နည်းပညာသစ်များကြောင့် ဖုန်းမှန်မျက်နှာပြင်ပေါ်မှာ လက်ဗွေစနစ်ပါဝင်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းအမျိုးအစားကို Vivo ကုမ္ပဏီမှ တီထွင်နိုင်ခဲ့ပါတယ်။

 ထုတ်လုပ်ခဲ့တဲ့ အစမ်းထုတ်မော်ဒယ်ကို Las Vegas မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ လျှပ်စစ်ပစ္စည်းကုန်စည်ပြပွဲမှာ မိတ်ဆက်ခဲ့ပြီး ဒီဖုန်းကို အနောက်နိုင်ငံများမှာ နာမည်ကျော်ကြားနေတဲ့ Sumsung နဲ့ Apple ကုမ္မဏီများနဲ့မတူတဲ့ တရုတ်နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။

  အဆိုပါပွဲမှာစမ်းသပ်ခဲ့တဲ့ ရလဒ်များအရ ဒီဖုန်းမှာပါဝင်တဲ့ လက်ဗွေစနစ်ဟာ အခြားစမတ်ဖုန်းတွေ ထက် အနည်းငယ်နှေးသော်လည်း တိကျသေချာမှုရှိပြီး နည်းပညာပိုင်းဆိုင်ရာမှာလည်း အပြစ်ပြောစရာမရှိကြောင်း သိရပါတယ်။

လက်ဗွေစနစ်ကို ပထမဆုံးအကြိမ်အဖြစ် Toshiba ကုမ္ပဏီမှ ၂၀၀၇ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ Iphone 5S နဲ့ Sumsung Galaxy 5S တို့မှာ စတင်အသုံးပြုခဲ့ကြပါတယ်။

 

 

 

 



Follow us on