1. Home
  2. Special or Others

တိုက်လည်း တိုက်ဆိုင်နိုင်တဲ့ပုံ

Special or Others ม.ค. 18, 2561 view 1,783

ငယ်ရွယ်တဲ့ ကျောင်းသူတစ်ယောက်ဟာ သူမဆွဲတဲ့ ကြောင်ပုံအတွက် ဆရာမမှ သူမကို သုညပေးခဲ့ပါတယ်။

သူမရဲဆရာမကတော့ ဒီကြောင်ပုံဟာ တကယ့်ကြောင် အစစ်နဲ့မတူဘူးလို့တွေးပြီး ဒီလိုပေးခဲ့တာဖြစ်ပြီး ကျွန်တော် တို့ အနေနဲ့ ကြည့်ရင်လည်း မတူဘူးလို့မြင်ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျောင်းသူလေးဟာ သူမရဲ့ အိမ်က ကြောင်ပုံကို အင်တာနက်မှာ တင်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး သူမရဲ့ ကြောင်ပုံဟာ နာမည်ကြီးသွားခဲ့ပြီး ဖေ့စ်ဘုတ်သုံးသူများအကြား ရေပန်းစားခဲ့ပါတယ်။ လူအများစုက သူမရဲ့ တထေရာတည်းတူအောင် ဆွဲနိုင်တဲ့ ပုံဆွဲစွမ်းရည်ကို ချီးကျူးနေကြပြီး အမှတ်များလည်း ၀ိုင်းဝန်းပေးသွားကြပါတယ်။

အမှန်တကယ်တော့ သူမပုံဆွဲနေချိန်ဟာ ကြောင် ပျင်းရိပြီး စင်ပေါ်မှာ တက်အိပ်ချိန်နဲ့ တိုက်ဆိုင်သွားခဲ့ပြီး ဆရာမမှ ကြောင်ရဲ့အမူအကျင့်ကို မတွေးမိခဲ့တဲ့အတွက် ဒီလိုဖြစ်သွားခဲ့တာပါ။

 



Follow us on