1. Home
  2. Good Morning Myanmar

ဘော်လကန်ကျွန်းဆွယ်အနောက်ပိုင်းနိုင်ငံမှာ EU တွင်ပါဝင်ခွင့်ရရေး ဂျပန်ပံ့ပိုးရန်ရှိ

Good Morning Myanmar ม.ค. 19, 2561 view 1,586
ဆာဘီးယားအပါအ၀င် ဘော်ကလန်ကျွန်းဆွယ်ဒေသ အနောက်ပိုင်းမှာရှိတဲ့ နိုင်ငံ(၆)နိုင်ငံကို အီးယူ အဖွဲ့ဝင်ဖြစ်ရေး ဂျပန်နိုင်ငံဘက်က ထောက်ခံပံ့ပိုးဖို့ရှိနေတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲက ပြောခဲ့ပါတယ်။ ဥရောပသမဂ္ဂ(EU)မှာ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေကြတဲ့ ဆာဘီးယားနဲ့ တခြား ဘော်လကန် အနောက်ပိုင်း နိုင်ငံတွေကို ထောက်ခံ သွားမှာ ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲက ပြောခဲ့ ပါတယ်။
 
 
ဆားဘီးယားသမ်္မတအလက်ဇန်းဒါး ဗူဆစ်နဲ့ အာဘဲတို့ ဇန်န၀ါရီလ(၁၅) ရက်က ဆားဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်မှာတွေ့ဆုံခဲ့ပြီး ဘော်လကန် အနောက်ပိုင်းဒေသဟာ ဥရောပဒေသ တည်ငြိမ်ရေးနဲ့ နိုင်ငံတကာအသိုက်အ၀န်းအတွက် အရေးကြီးတဲ့ဒေသဖြစ်တယ်လို့ အာဘဲက ပြောခဲ့ပါတယ်။
 
 
ဆာဘီးယားနိုင်ငံဟာ ဘော်လကန် အနောက်ပိုင်းဒေသတည်ငြိမ်ရေးမှာ အရေးပါတဲ့ နိုင်ငံ(၁)နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံဟာ ဆာဘီးယားအပါအ၀င် တခြားဘော် လကန်အနောက်ပိုင်း ဒေသနိုင်ငံတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ဆန်္ဒရှိ နေတယ်ဆိုပြီး အာဘဲကပြော ပါတယ်။
 
 
ဂျပန်ကုမ္ပဏီတွေအနေနဲ့ ဆာဘီးယားမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ် သွားမယ်လို့ မျှော်လင့်တယ်ဆိုပြီး ဆာဘီးယားသမ်္မတဗူဆစ်က ပြောခဲ့ပါတယ်။ ဆာဘီးယား၊ မွန်တီနီရို၊ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ အယ်ဘားနီးယား၊ ကိုဆိုဗို၊ မက်ဆီဒိုး နီးယားစတဲ့နိုင်ငံ(၆)နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ဂျပန်ဘက်က ကူညီသွားမှာဖြစ်တယ်လို့လည်း အာဘဲကရှင်း လင်းပြောကြားခဲ့ပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2238438052848979/
 


Follow us on