1. Home
  2. Special or Others

ပင်လယ်ရပ်ခြားက မိတ်ဆက်စာ

Special or Others ม.ค. 19, 2561 view 1,557

အင်္ဂလန်နိုင်ငံ Moiwenstow မြို့မှာ နေထိုင်တဲ့ အသက် ၈ နှစ်အရွယ်ကောင်လေးဟာ မကြာသေးခင်က သူတို့မြို့မှာ တိုက်ခတ်သွားခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ထဲက မျောလာတဲ့ ပုလင်းတစ်ခုကို အမှတ်မထင် ကမ်းခြေမှာ သွားတွေ့ ခဲ့ပါတယ်။

Noah Crooks ဟာ သူ့ရဲ့အဖေ၊ အကိုနဲ့အတူ ကမ်းခြေမှာ အမှိုက်သရိုက်များကို ရှင်းနေစဉ်မှာပဲ ဒီစာပါတဲ့ ပုလင်းလေးကို ရှာတွေ့ခဲ့တာပြီး သူ့ရဲ့အဖေကို သွားပြခဲ့ပါတယ်။ ဒီစာကို ကနေဒါနိုင်ငံ Alberta မြို့မှာ နေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် ကောင်မလေး Jacquie Chmilar မှ လွန်ခဲ့တဲ့ ခြောက်လခန့်က သူမရဲ့ အဘိုးအဘွားတွေနေထိုင်ရာ Newfoundland ကို သွားလည်တုန်းက ပင်လယ်ထဲကို လွှတ်ခဲ့တာဖြစ်ပါတယ်။

ဒီစာထဲမှာ Chmilar ဟာ သူမကိုယ် သူမ မိတ်ဆက်ထားပြီး ဒီစာကို တွေ့ခဲ့ရင် သူမဆီကို ဆက်သွယ်ဖို့ အီးမေးလ် နဲ့ ဖုန်းနံပတ်တွေပါ ရေးပေးထားပါတယ်။ Crooks ဟာ စာမှာပါတဲ့အတိုင်း အီးမေးလ်ပို့ခဲ့ပြီး မကြာခင်မှာပဲ Chamilar ဆီက စာပြန်ရခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Crooks ဟာ Chmilar နဲ့ အပြန်အလှန် စာအဆက်အသွယ် လုပ်ဖြစ်သွားပါတယ်။

Chmilar ရဲ့အမေက Chrmilar ဟာ အဖော်မဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူငယ်ချင်း အများကြီးလိုချင်ပြီး သူ့အဖွားပေးတဲ့အကြံအတိုင်း စာတွေအများကြီး ပုလင်းထဲထည့်ပြီး ပင်လယ်ထဲလွှတ်ခဲ့ကြောင်း မကြာသေးခင်ကလည်း Cornwall မှ အသက် ၉ နှစ်အရွယ် ကောင်မလေးမှလည်း နောက်ပုလင်းတစ်ခုကို တွေ့ခဲ့တဲ့အတွက် ဒီတစ်ပတ်အတွင်းမှာပဲ ကမ္ဘာအနှံ့က သူငယ်ချင်းနှစ်ယောက် ရခဲ့ကြောင်း သူ့သမီးအတွက် ၀မ်းသာစွာပြောပြခဲ့ပါတယ်။

 



Follow us on