1. Home
  2. Myanmar News

ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေမှာ ယာဉ်စီးခကိုကတ်စနစ်နဲ့ပေးချေနိုင်အောင် လာမယ့်သုံးလအတွင်းပြုလုပ်မယ်

Myanmar News ม.ค. 19, 2561 view 1,503
ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေမှာ ယာဉ်စီးခကိုကတ်စနစ်နဲ့ပေးချေနိုင်အောင် လာမယ့်သုံးလအတွင်းပြုလုပ်မယ်လို့ဆိုပါတယ်။ ဝိုင်ဘီအက်စ်စနစ်ပိုတိုးတက်ဖို့ နိုင်ငံတကာလို ကတ်စနစ်နဲ့  သုံးနိုင်အောင်ပြုလုပ်မှာပါ။ ကတ်စနစ်စတင်ဖို့ ကုမ္မဏီတွေကိုတင်ဒါခေါ်ယူရွေးချယ်ထားပါတယ်။ ကတ်စနစ်ကိုပြည်သူတွေ လက် လှမ်းမီတဲ့စနစ်ဖြစ်အောင်ပြုလုပ်မှာ ဖြစ်ပါတယ်။၂၀၁၈ မှာ ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခပေးချေစနစ်ကို ဘဏ်ကတ်နဲ့ပေးချေနိုင်အောင်ဆောင်ရွက်မယ်လို့ ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ဝိုင်ဘီအက်စ် တစ်နှစ်ပြည့်ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားတယ်လို့သိရပါတယ်။
 
 
မထသခေတ်က ရန်ကုန်မြို့မှာပြေးဆွဲတဲ့ ယာဉ်လိုင်းပေါင်း ၃၀ဝ ကျော်ရှိခဲ့တာပါ။ ဝိုင်ဘီအက်စ်စနစ်ကို စတင်စအချိန်မှာ ယာဉ်လိုင်းပေါင်း ၆၀ ကျော်သာရှိပါတယ်။ ဝိုင်ဘီအက်စ်စနစ် တစ်နှစ်ပြည့်တဲ့အချိန်မှာတော့ ယာဉ်လိုင်းပေါင်း ၉၀ ကျော်နဲ့ ပြေးဆွဲနေပါတယ်။ အခုအချိန်မှာ ကတ်စနစ်ကို ယာဉ်လိုင်းတချို့က ကားအစီးရေနည်းနည်းလောက်မှာပဲ အသုံးပြုနိုင်ပါသေးတယ်။ ကတ်စနစ်က ဝိုင်ဘီအက်စ်စီးသူတွေအမြဲကြုံရတဲ့ ငွေအကြွေရှာရတာနဲ့ အကြွေမရှိလို့ကျသင့်ငွေထက်ပိုထည့်ရတာတွေကို အဆင်ပြေစေမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စပယ်ယာစနစ်ကနေ ငွေပုံးစနစ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ သည်နှစ်မှာလည်း ယာဉ်စီးခငွေပေးချေစနစ်ကို ဘဏ်ကတ်စနစ်နဲ့ပေးချေတာကို ဝိုင်ဘီအက်စ်အပြင် water bus , city taxi နဲ့ မီးရထားတွေမှာပါချိတ်ဆက်နိုင်အောင်ပြုလုပ်မယ်လို့ သိရပါတယ်။
 
Credit .... kumudranews


Follow us on