လက်ရှိအခြေနေတွင် ဖေ့စ်ဘွခ်တွင် ရေးသားဖော်ပြနေသော သတင်းများကို အမှားလား၊ အမှန်လားဟု ဆုံးဖြတ်ရခက်နေသော အခြေနေများဖြစ်ပေါ်နေပြီး ယင်းအခြေနေကို အသုံးချကာ ပဋိပက္ခဖြစ်ပွားမှုများ ပေါ်ပေါက်လာနေဆဲ အချိန်တွင် ဖေ့စ်ဘွခ်က သုံးစွဲသူများ ယုံကြည်မှု အပြည်အဝရရှိအောင် ပြန်လည် လုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်သည်။
နယူးဖိဒ်တွင် ပေါ်လာသော သတင်းအကြောင်းအရာများနဲ့ပက်သက်ပြီး ဖေ့စ်ဘွခ်က အသုံးပြုသူများ၏ ထောက်ခံချက်နဲ့ သတင်းအတုအယောင်များကို ဖယ်ရှားသွားမည်ဖြစ်သည်။
အသစ်ပြုလုပ်မည့် ဖေ့စ်ဘွခ်အစီစဉ်တွင် အသုံးပြုသူများ ရွေးချယ်နိုင်ရန် လုပ်ဆောင်ချက်အသစ်ပါဝင်လာမည်ဖြစ်ပြီး သတင်းအတုအယောင်နှင့် မယုံကြည်ရသော သတင်းရင်းမြစ်များကို ပရိသတ်က ခွဲခြားပေးနိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် တက်လာသော သတင်းတစ်ခုကို မယုံကြည်ရပါဟု ဆုံးဖြတ်ပေးပါက အနည်းအများပေါ်မူတည်ပြီး အဆိုပါရင်းမြစ်မှ လာသော သတင်းများကို ပရိသတ်အများကြီးထံ မရောက်အောင် တာဆီးသွားမည့် ပုံစံမျိုးဖြစ်သည်။
အဆိုပါနည်းလမ်းဖြင့် မှန်ကန်သော၊ တန်ဖိုးရှိသော သတင်းများကိုသာ သုံးစွဲသူများဖတ်ရှုရလာမည်ဖြစ်တဲ့အတွက် ပိုမိုအကျိုးရှိလာမည်ဖြစ်သည်။ လက်ရှိမှာ ဖေ့စ့်ဘွခ်က စံချိန်မီစစ်တမ်း၊ ကောက်ယူမှုများ ပြုလုပ်နေပြီး သတင်းရင်းမြစ်တစ်ခုကို ရင်းရင်းနှီးနှီး သိနေသည့်တိုင်အောင် ယုံကြည်သင့်ရဲ့လားဆိုတာကိုပါ မေးမြန်းစစ်တမ်းကောက်လျှက်ရှိသည်။