1. Home
  2. Special or Others

သေဆုံးနေသည့် အမျိုးသမီးက ၁ဝ ရက်အကြာမှာ ကလေးမွေး

Special or Others ม.ค. 22, 2561 view 1,495
အသက် ၃၃ နှစ်ရှိ နွမ်ဗယ်လီဆိုနို မာဆွန်တိုဒိုယီဆိုသူ အမျိုးသမီးသည် တောင်အာဖ ရိကနိုင်ငံတောင်ပိုင်း အိစတန်းကိပ်ပြည်နယ်ရှိ သာယီဆီကျေးရွာမှဖြစ်ပြီး အသက်မရှူနိုင်ဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်။ ကလေးငါးဦး၏ မိခင်ဖြစ်သည့် နွမ်ဗယ် လီဆိုသေဆုံးပြီးနောက် မကြာမီမှာပင် မိသားစုဝင်များက ၄င်း၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် အသုဘလုပ်ငန်းတစ်ခုသို့ အပ်လိုက်ကြသည်။
 
သို့သော် မြေမြှုပ်သင်္ဂြိုဟ်ရန် တစ်ရက်အလိုသေဆုံးပြီး ၁ဝ ရက်အကြာတွင် နွမ်ဗယ်လီဆို၏ အသက်မဲ့ခန္ဓာကိုယ်ရှိ ခြေထောက်နှစ်ချောင်းကြားတွင် ကလေးငယ်တစ်ဦးရှိနေသည်ကို အသုဘဝန်ထမ်းတစ်ဦးက သတိပြုမိခဲ့ခြင်းဖြစ်သည်။နွမ်ဗယ်လီဆို၏ အလောင်းကို ရေခဲတိုက်အလောင်းတင် ဗန်းထဲမှနေ၍ အခေါင်းအတွင်းသို့ ပြောင်းထည့်ရန် မလိုက်စဉ် ၄င်း၏ ခြေထောက်နှစ်ချောင်းကြား၌ မွေးကင်းစကလေးငယ်တစ်ဦး ရှိနေသည်ကို သတိပြုမိခြင်းဖြစ်ကြောင်း အသုဘလုပ်ငန်းမှ တာဝန်ရှိသူကဆိုသည်။
 
 
သို့သော် အဆိုပါမွေးကင်းစကလေးမှာ အသက်မဲ့နေပြီဖြစ်ကြောင်းနှင့် ၄င်း၏လုပ် သက်အနှစ် ၂ဝ အတွင်း လူသေက ကလေးမွေးသည့် ဖြစ်စဉ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြောင်း အသုဘလုပ်ငန်းမှအကြီးအကဲ မာကာလာနာကဆိုသည်။
 
ထိုသို့ ဖြစ်လာခြင်းသည် အောက်လမ်းဖြင့် လုပ်ခြင်းကြောင့်ဖြစ်ကြောင်း ကောလာဟလ များထွက်လာသော်လည်း နွမ်ဗယ်လီဆို၏မိသားစုကမူ အသုဘအခမ်းအနားကို အစီအစဉ်အတိုင်းဆက်လုပ်ခဲ့ပြီး သေဆုံးနေပြီဖြစ်သော မွေးကင်းစကလေးကိုလည်း မိခင်နှင့် အခေါင်းတစ်ခုထဲမှာပင်ထည့်၍ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြသည်။သေဆုံးပြီး နောက် လူ့ခန္ဓာကိုယ်ရှိတင်းနေသည့် ကြွက်သားများလျော့သွားခြင်း သို့မဟုတ် ဗက်တီးရီးယား များပေါက်ဖွားလာမှုက သားအိမ်အတွင်းရှိ မမွေးသေးသောကလေးကို အပြင်ဘက်သို့ ထွက်လာစေခြင်း ဖြစ်နိုင်ကြောင်း ဒေသတွင်း ကျန်းမာရေး တာဝန်ရှိသူ များက ဆိုသည်။
 
 
Credit ... မြ၀တီ


Follow us on