1. Home
  2. Special or Others

လက်မထပ်ခင်တစ်ရက်အလိုမှာ အတူတူနေခဲ့တဲ့အတွက် ကြိမ်ဒဏ်ချမှတ်ခံရ

Special or Others ม.ค. 23, 2561 view 1,567

အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ချစ်သူနဲ့ လက်မထပ်ခင်တစ်ရက်အလိုမှာ အတူတူနေခဲ့တဲ့အတွက် ကြိမ်ဒဏ်ချမှတ်ခံရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Sharia ဥပဒေအရ လက်မထပ်ခင် အတူတူနေခြင်းဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုရဲ့ပထမအဆင့် ဖြစ်ပြီး ကြိမ်ဒဏ် အချက် ၂၀ ချမှတ်ခံရပါတယ်။ ဒီအမျိုးသမီးကို မျက်နှာဖုံးစွပ် ဘာသာရေးအဖွဲ့တစ်ခုမှ ခေါ်ဆောင် လာခဲ့ပြီး လူအများရှေ့မှာ ကြိမ်ဒဏ်ပေးခဲ့ပါတယ်။

ထို့အတူပဲ အင်ဒိုနီးရှားနိုင်ငံမှ ခရစ်ယာန်လူမျိုးတစ်ဦးဟာလည်း အရက်သေစာ ရောင်းချခဲ့တဲ့အတွက် ကြိမ်ဒဏ် ပေးခြင်းခံခဲ့ရပါတယ်။

အင်စလမ်ဥပဒေအရ အရက်သေစာရောင်းချခြင်းနဲ့ သောက်စားခြင်းကို တားမြစ်ထားပြီး ကျူးလွန်ခဲ့သူအမျိုးသားကို ကြိမ်ဒဏ် ၃၆ ချက် ချမှတ်ခဲ့ပါတယ်။ မျက်နှာဖုံးစွပ်ထားသူတစ်ဦးမှာ ထိုသူရဲ့ နောက်ကျောကို အဆက်မပြတ် ရိုက်ခဲ့ပြီး ဆယ်ချက်ပြည့်သွားတဲ့အခါမှာ အသင့်ခေါ်ထားတဲ့ ဆရာဝန်နဲ့ ပြသခဲ့ပါတယ်။ ဒါပေမဲ့ ထိုသူက ကြိမ်ဒဏ်ဆက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လူအများရှေ့ ကြိမ်ဒဏ်ပေးခြင်းဟာ အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာသာ ကျင့်သုံးတဲ့ အပြစ်ပေးမှု တစ်မျိုးဖြစ်ပြီး နိုင်ငံတကာမှ အပြင်းအထန် ရှုံချမှုများကြုံတွေ့နေရကြောင်း သိရပါတယ်။



Follow us on