1. Home
  2. Special or Others

အပူပိုင်းမိုးသစ်တောနဲ့ ကျောက်ခေတ်ချိုင့်ဝှမ်းပုံစံတွေ့ရမဲ့ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်ဟိုတယ်

Special or Others ม.ค. 23, 2561 view 2,300

ရေတံခွန်တွေ၊ အပူပိုင်းမိုးသစ်တောနဲ့ ကျောက်ခေတ်ချိုင့်ဝှမ်းပုံစံတွေကို အဆောက်အအုံအတွင်းပိုင်းမှာ ပါဝင်ဆောက်လုပ်သွားမဲ့ ကမ္ဘာပထမဆုံး ကြယ်ငါးပွင့်ဟိုတယ်ကို ဒီနှစ်ကုန်ပိုင်းမှာ သွားရောက်လည်ပတ်နိုင်တော့မှာပါ။

ဒီအပန်းဖြေ ဟိုတယ်မှာ အပူပိုင်း သစ်ပင်ပန်းပင်တွေဖြင့် သစ်တောပုံစံ ဝေဆာနေအောင် ဖန်တီးပြုလုပ်သွားမှာဖြစ်ပြီး အခန်းပေါင်း ၄၅၀၊ စားသောက်ခန်းမကြီးတစ်ခု၊ အနှိပ်ခန်းတွေနဲ့ ခေါင်မိုးပေါ်က စီးကျနေတဲ့ ရေတံခွန်ပုံစံငယ်တွေ ကိုပါ ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စတုရန်းဧက ပေ ၇၅၀၀၀ ကျယ်ဝန်းတဲ့ ဒီအပူပိုင်းမိုးသစ်တောထဲမှာ ရေတံခွန်၊ စမ်းချောင်းတွေနဲ့ အာရုံခံမိုးရွာသွန်းမဲ့ စနစ်တွေကို ထည့်သွင်းထားပြီး တကယ့်တောတစ်ခု ထဲရောက်နေသလို ခံစားရအောင် ဖန်တီးပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလူလုပ်မိုးသစ်တောထဲမှာ  ကျောက်ခေတ်ချိုင့်ဝှမ်းပုံစံတွေ၊ အပန်းဖြေ ရေကစားကန်၊ သဲလုံးဝ မပါတဲ့ ကမ်းခြေနဲ့အတူ ဒီမိုးသစ်တောထဲမှာ ရနိုင်တဲ့ သစ်သီးဝလံတွေကို သောက်သုံးနိုင်မဲ့ ကဖေးတစ်ခုကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဒီအဆောက်အအုံရဲ့ ၀င်ပေါက်မှာတော့ ထူးခြားတဲ့ မီးအလှဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ညအခါမှာ စီးဆင်းနေတဲ့ မြစ်အသွင်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

လာရောက် နားခိုမဲ့ ဧည့်သည်တွေအတွက် ဟိုတယ်ဝင်ပေါက်မှာကတည်းက အသင့်စောင့်နေတဲ့ ပစ္စည်းသယ် စက်ရုပ်တွေ ထားပေးထားပြီး အထဲမှာတော့ ဘိုးလင်းကစားရုံ၊ ကလေးကစားကွင်းနဲ့ လေဆာသေနတ်များဖြင့် အချင်းချင်း ပစ်ခတ်ကစားနိုင်မဲ့ နေရာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

အဆောက်အအုံရဲ့ ၂၅ ထပ်မြောက်မှာတော့ ဖန်သားအတိပြီးတဲ့ ကြမ်းခင်းပေါ်မှာ အပန်းဖြေရေကန်တစ်ခု ဆောက်လုပ်သွားမှာ ဖြစ်ပြီး အဲ့ဒီရေကန်ကနေ ညအခါမှာ ဒူပိုင်းရဲ့မီးရောင်စုံအလှတွေကို ခံစားရမှာပါ။



Follow us on