1. Home
  2. Special or Others

နှစ်လကြာ မြုပ်နှံခံရတဲ့ ဘုန်းတော်ကြီး၏ရုပ်ကြွင်းပြန်ဖော်ရာမှ မပျက်မစီးဘဲ ပြုံးနေကြောင်းတွေ့

Special or Others ม.ค. 23, 2561 view 1,448

သက်တော် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီး Luang Phor Pian ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ခန့်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။

ပျံလွန်တော်မူသွားပြီးနောက်မှာတော့ သူ့ရဲ့မူလဇာတိဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဘုရားကျောင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး အဲ့ဒီနေရာမှာပဲ မြေမြုပ်ခဲ့ပါတယ်။

နှစ်လကြာတဲ့အခါမှာ သူ့ရဲ့တပည့်တပန်းတွေဟာ သူတို့ရဲ့ရိုးရာဓလေ့ဖြစ်တဲ့ ဘုရားပွဲကျင်းပဖို့အတွက် သူ့ရဲ့ရုပ်ကြွင်းကို ထိုင်းနိုင်ငံသိုပြန်လည်သယ်ဆောင်ခဲ့ကြပြီး ဘုန်းတော်ကြီးရဲ့ မပျက်စီးသေးတဲ့ ရုပ်ကြွင်းနဲ့အတူ မျက်နှာပေါ်မှ  အပြုံးတစ်ခုကိုပါ တွေ့ခဲ့တဲ့အတွက် အံ့သြသွားကြပါတယ်။

ပွဲအတွက် ပါဝင်ကူညီသူများဟာ ထိုရုပ်ကြွင်းကို ဓာတ်ပုံများရိုက်ခဲ့ကြပြီး သူတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ကြပြီး ထိုဘုန်းတော်ကြီးရဲ့ ရုပ်ကြွင်းကို သင်္ကန်းအသစ်များဖြင့် ပြန်လည်ဆင်မြန်းပေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ မီဒီယာများရဲ့သတင်းပို့ချက်များအရ ထိုရုပ်ကြွင်းဟာ သေဆုံးပြီး ၃၆ နာရီထက်မပိုတဲ့ အခြေအနေမှာသာ ရှိသေးကြောင်း သိရပြီး ပျံလွန်သွားခဲ့ပြီးနောက် ရက်တစ်ရာပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပကြတာဖြစ်တယ်လို့ သိရပါတယ်။



Follow us on