1. Home
  2. Special or Others

အချစ်စစ်တွေ့သွားခဲ့တဲ့ အင်ဒိုနီးရှား ၀တုတ်မလေး

Special or Others ม.ค. 24, 2561 view 1,743

အင်ဒိုနီးရှားအမျိုးသမီးနဲ့ သူမရဲ့ကိုးရီးယားမင်းသားလေးတို့ရဲ့ ချစ်ခြင်းဟာ အင်တာနက်အသုံးပြုသူအများစုရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ယခုလို အတူတူနေရဖို့အတွက် သူတို့ဟာ အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရပါတယ်။

ကိုးရီးယားဖန် အမျိုးသမီးအများစုဟာ သူတို့ရဲ့ အိမ်မက်ထဲကမင်းသားနဲ့တွေ့ဖို့ စိတ်ကူးယဉ်ခဲ့ကြပြီး ယခုတော့ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးအတွက် ဒီအိမ်မက်ဟာ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် Vera Nanda Putri ဟာ ကိုးရီးယားယဉ်ကျေးမှုကို အစွဲအလမ်းဖြစ်သွားတဲ့နောက်မှာ ကိုးရီးယားနိုင်ငံကို သွားခဲ့ပြီး သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဘာသာစကားကို လေ့လာခဲ့ပါတယ်။ တောင်ကိုးရီးယားကို ရောက်သွားတဲ့အခါမှာ သူမဟာ Jun နဲ့ စတင်တွေ့ခဲ့ပြီး အချိန်အတူတူကုန်ဆုံးခဲ့ရာမှ ပိုမို ရင်းနှီးကျွမ်းဝင်လာခဲ့ ပါတယ်။ Jun ရဲ့ ခန့်ညားတဲ့ မျက်နှာကြောင့် Vesa ဟာ သူ့ကို စွဲလမ်းသွားခဲ့ပါတယ်။

မကြာခင်မှာပဲ သူတို့နှစ်ယောက်တွဲခဲ့ပြီး အတူတူတွဲရိုက်ထားတဲ့ပုံကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာတင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ သူမဟာ ထိုးနှက်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး အဆိုးမြင်သူများက သူမတို့ရဲ့ ဆက်ဆံရေးဟာ မကြာပါဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

Jun ဟာ Vesa ကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ ဒီတိုက်ခိုက်မှု တွေ အားလုံးဟာရပ်သွားခဲ့ပါတယ်။ Jun ဟာ သူရဲ့ မိဘတွေကို ခေါ်လာခဲ့ပြီး ကိုးရီးယားယဉ်ကျေးမှုအတိုင်း မင်္ဂလာဆောင်ခဲ့ပါတယ်။

နောက်တော့ အင်ဒိုနီးရှားပြန်လာပြီး သူတို့ဟာ အင်ဒိုနီးရှားယဉ်ကျေးမှုအတိုင်း စေ့စပ်ပွဲပြုလုပ်ပြီး မင်္ဂလာဆောင်ခဲ့ကြပါတယ်။ သူတို့ဟာ ကိုးရီးယားဝတ်စုံနဲ့ အင်ဒိုနီးရှားဝတ်စုံ အတူတူတွဲဝတ်ပြီး မင်္ဂလာဆောင် ခဲ့ပြီး သူတို့ရဲ့ မင်္ဂလာပွဲကို အင်ဒိုနီးရှားယခင်သမ္မတဟောင်းနဲ့ သူ့ဇနီးတို့က တက်ရောက်ချီးမြင့်ခဲ့ကြပါတယ်။



Follow us on