၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မပြည့်ခင်မှာဘဲ ပြည်ပကို ဆန်တင်ပို့မှုအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ( ၃၁ ) ရက်နေ့အထိကို တန်ချိန် ( ၂ ) သန်းခွဲရှိနေပြီလို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စာရင်တွေအရသိရပါတယ်။ဒါဟာ နယ်စပ်ကုန်သွယ်မှုကရော ၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုလုံးက တင်ပို့ထားတာဖြစ်ပြီး နောက်ကျန်နေသေးတဲ့ (၃) လကို ပုံမှန် တစ်လကို တန်ချိန် (၂) သိန်းလောက် ပို့ဖြစ်မယ် ဆိုရင်တော့ ဒီဘဏ္ဍာနှစ်အပြီးမှာ ဆန်တင်ပို့ဟာ (၃) သန်းလောက်အထိ ရောက်သွား နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ ဇန်န၀ါရီလဆန်းပိုင်း လောက်က ဆန်လောက အတွင်းဖြစ်ပွားခဲ့တဲ့ ငွေကြေး အရှုပ်အထွေးကြောင့် ပြည်ပကိုတင်ပို့နေတဲ့ နိုင်ငံခြားကုမ္မဏီ တွေရဲ့ ယုံကြည်မှုအားနည်းတာတွေရှိသွားသလို တင်ပို့မှုမှာ အကန့်အသက်တွေလဲ အနည်းငယ်ရှိ သွားခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းရဲ့ဆန်ဈေးကွက်ကလဲ သိသိသာသာ အေးသွား တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ ပြည်ပဆန်တင်ပို့မှုအတွက် အများကြီး ထိခိုက်သွားတာ မဟုတ်ဘူး လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။
ပြည်ပဆန်တင်ပို့မှုအနေနဲ့ ဘဏ္ဍာနှစ်မကုန်မှီ (၃) လကျော်လောက်ထဲက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ တန်ချိန် (၂) သန်းကို ပြည့်မှီခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀ မှာလဲ တန်ချိန် (၃) သန်းတင်ပို့နိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ သိရပါတယ်။