1. Home
  2. Special or Others

ပေါင် (၄၂၀) ခန့်ရှိတဲ့ ကမ္ဘာ့အ၀ဆုံးကလေး ခွဲစိတ်မှုခံယူ

Special or Others ม.ค. 25, 2561 view 1,412

ခန္ဓာကိုယ်အလေးချိန် စတုန်း ၃၀ ( ၁ စတုန်း = ၁၄ ပေါင် )ရှိတဲ့ ကမ္ဘာ့အ၀ဆုံးကလေး Arya Permana ဟာ သူ့ရဲ့လေးလံလှတဲ့ ခန္ဓာကိုယ်ကြောင့် အခြားသူတွေလို အပြင်မှာ လွတ်လွတ်လပ်လပ်  မကစားနိုင်ခဲ့ပါဘူး။

သူဟာ လမ်းလျှောက်ဖို့တောင် ခက်ခဲလွန်းတဲ့အတွက် ကျောင်းလဲမတက်ခဲ့ရပါဘူး။ အဲ့ဒီအတွက်ကြောင့် Ayra ဟာ သူ့ခန္ဓာကိုယ်အပူချိန်ထိန်းညှိနိုင်အောင် သီးသန့်ပြုလုပ်ထားပေးတဲ့ ရေကန်သေးသေးလေး ထဲမှာ တစ်နေ့ကုန် ဖုန်းဂိမ်းထိုင်ဆော့ခြင်းဖြင့် အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။

စိုးရိမ်လွန်းတဲ့ သူ့ရဲ့မိဘတွေဟာ Arya ကို ဆရာဝန်ဆီခေါ်သွားခဲ့ပြီး ဆေးစစ်ကြည့်ကြပေမဲ့ ခန္ဓာကိုယ်ချို့ယွင်းချက်တစ်ခုမှ မရှိတဲ့အတွက် လက်မှိုင်ချပြီး ပြန် လာခဲ့ကြပါတယ်။

ဆေးပညာအကူအညီမရခဲ့တဲ့ Arya ရဲ့ မိဘတွေဟာ သူ့သားကို သာမန်ကလေးတွေလို ကျန်းကျန်းမာမာ နေနိုင်အောင် နည်းလမ်းရှာဖွေရပါတော့တယ်။ Arya ရဲ့ မိဘတွေဟာ သူ့ကို အသားငါးအစား အသီးအရွက်များကို များများကျွေး ခဲ့ကြပြီး သကြားနဲ့ ဂဏန်း လုံးဝမကျွေးဖို့ တင်းကြပ်ခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့အတွက် ဆန်ကြမ်းကိုသာ ကျွေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှ ဆရာဝန်များကို အကူအညီသွားတောင်းခဲ့ကြပြီး Arya ကို ခွဲစိတ်ပေးခဲ့ကြပါတယ်။

ခွဲစိတ်ပြီး သုံးပတ်အတွင်းမှာ Arya ဟာ ၃ စတုန်းခန့်ကျသွားခဲ့ပြီး နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ၁၉ စတုန်းခန့်ကျသွားခဲ့ကာ အခြားကလေးတွေလို ဘောလုံးနဲ့ ကြက် တောင် ရိုက်ကစားနိုင်ခဲ့ပါတယ်။ တစ်နေ့ကို ၂ ကီလိုမီတာလောက် ပြေးသွားနိုင်ခဲ့ပြီး ကျောင်းကိုလည်း လမ်းလျှောက်သွားနိုင်ခဲ့ပါတယ်။ ယခင်တုန်းက တစ်နေ့ကို ငါးနပ်လောက်စားပြီး ယခုအချိန်မှာတော့ လေးနပ်လောက်သာ စားပါတော့တယ်။ သူ့ရဲ့မိဘတွေဟာ အရမ်းကို ပျော်ရွင်နေကြပြီး ယခုအချိန် မှာတော့ Arya ဟာ အခြားကလေးတွေလို သာမန်ဘ၀ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။



Follow us on