1. Home
  2. Special or Others

ကမ္ဘာမြေကြီးနဲ့ ပုံသဏ္ဍာန်ခြင်း ဆင်တူတဲ့ ဂြိုလ်နှစ်လုံးကို တွေ့ရှိခဲ့ကြောင်း နာဆာမှ ထုတ်ပြန်ကြေညာ

Special or Others ม.ค. 25, 2561 view 1,704

 ကမ္ဘာမြေကြီးနဲ့ ပုံသဏ္ဍာန်ခြင်း ဆင်တူတဲ့ အခြားနေအဖွဲ့အစည်းထဲမှာ ပါတဲ့ ဂြိုလ်နှစ်လုံးကို တွေ့ရှိကြောင်း နာဆာမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ဂြိုလ်နှစ်လုံးကို ဂြိုလ် ဒီ နှင့် ဂြိုလ် အီး လို့ နာမည်ပေးထားပြီး ကမ္ဘာမြေကြီးမှ အလင်းနှစ် ပေါင်း ၃၉ နှစ်အကွာမှာ တည်ရှိကြောင်း ရှင်းပြခဲ့ပါတယ်။

နာဆာမှ ဂြိုလ်သစ်နှစ်လုံးတွေ့ကြောင်း ကြေညာထားသော်လည်း သက်ရှိ များနေထိုင်ခြင်း ရှိသည် မရှိသည်ကို အသိအမှတ်မပြုရသေးကြောင်း၊ ကမ္ဘာမြေကြီးကဲ့သို့ပင် ထိုဂြိုလ်နှစ်လုံးမှာ လုံလောက်တဲ့ ရေနဲ့ အပူစွမ်းအင်တွေရှိကြောင်း အသိပေးခဲ့ပါတယ်။

နာဆာမှ သိပ္ပံပညာရှင်တွေဟာ အဆိုပါဂြိုလ်နှစ်လုံးကို အသစ်တီထွင်ထားတဲ့ အာကာသကြည့်မှန်ပြောင်းဖြင့် အသေးစိတ်လေ့လာဖို့ ပြင်ဆင်နေကြပြီး အခြား မည်သည့်အခြားနေအဖွဲ့အစည်းမှာ အခုလို ကမ္ဘာမြေအရွယ်အစားရှိတဲ့ ဂြိုလ်မျိုး မတွေ့ဖူးသေးကြောင်း ရှင်းပြခဲ့ပါတယ်။ နာဆာမှ ပြောပြချက်များအရ ၄င်းဂြိုလ်တို့မှ သင့်တင့်တဲ့ အပူချိန်များကြောင့် လူနေထိုင်လို့ရကြောင်း သိရပါတယ်။ သို့ပေမဲ့ အဆိုပါ ဂြိုလ်များကို သွားရောက်လေ့လာဖို့အတွက် အချိန်အများကြီး ယူရဦးမည် ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။



Follow us on