မလေးရှားနိုင်ငံမှ လူတစ်ယောက်ဟာ သူ့အဖေရဲ့ အသုဘချပွဲကို တသက်လုံး အမှတ်ရနိုင်မဲ့ နည်းလမ်းနဲ့ ပြုလုပ်ခဲ့ပါတယ်။
တရုတ်လူမျိုးတွေဟာ သေသူတွေရဲ့ခန္ဓာကိုယ်ကို မြေမြုပ်ပေးတဲ့အခါမှာ သူတို့ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေ၊ ကားတွေ၊ အ၀တ်အစားတွေနဲ့ ပိုက်ဆံတွေကို စက္ကူပုံစံများပြုလုပ်ပြီး မီးရှို့ပေးခြင်းဖြင့် နောက်ဘ၀မှာ ပြန်လည်သုံးစွဲနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ယခုလည်း မလေးရှားနိုင်ငံမှ အိန္ဒိယလူမျိုး ယောကျာ်းတစ်ယောက်ဟာ ဒီလိုပုံစံမျိုး ပြုလုပ်ခဲ့တဲ့အတွက် မှတ်တမ်းတင် ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ သူ့အဖေအခေါင်းထဲမှာ တကယ့် ပိုက်ဆံ အစစ်တွေ ထည့်ပြီး မြေမြုပ်ခဲ့ပါတယ်။ တရုတ်သတင်းစာအရ ပိုက်ဆံတန်ဖိုးဟာ ကန်ဒေါ်လာ ၇၆၀၀ နီးပါးခန့်ရှိတယ်လို့ သိရ ပြီး ဒီလိုမြေမြုပ်ခဲ့တဲ့ ဓာတ်ပုံများဟာ သူတို့ရဲ့လူမှုကွန်ယက်ပေါ်မှာ တောမီးပမာ ပြန့်နှံ့သွားခဲ့ပြီး လူအများရဲ့ပါးစပ်ဖျားမှာ ပြောစမတ်တွင်သွားခဲ့ပါတယ်။
အချို့က ဒီဓာတ်ပုံများ အွန်လိုင်းပေါ် ရှဲခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေတယ်လို့ ယုံကြည်ကြပြီး တရုတ်သတင်းစာမှာတော့ ဒီကိစ္စဟာ အလိမ်အညာတစ်ခုမှမပါကြောင်း သက်သေခံနေခဲ့ပါတယ်။