အာဆင်နယ်အသင်းကနေ မန်ယူအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ပြီးနောက် မှာ အားကစားကျွမ်းကျင်သူတွေအနေနဲ့ အာဆင်နယ်အသင်းဟာ အဓိကကစားသမားတွေကိုထိန်းသိမ်းရာမှာ အားနည်းမှုတွေရှိနေတယ်လို့သိရပါတယ်။အာဆင်နယ်အသင်းဟာ လက်ရှိဆောင်းရာသီအပြောင်းအရွှေ့ရဲ့နာမည်အကြီးဆုံးအပြောင်းအရွှေ့တစ်ခုဖြစ်တဲ့ ဆန်းချက်ဇ်ကိုမန်ယူအသင်းထံလက်လွှတ်ခဲ့ပြီးနောက်မှာ အသင်းရဲ့အဓိကကစားသမားတွေကိုထိန်းသိမ်းရာမှာ လိုအပ်ချက်များစွာရှိနေတယ်လို့ အားကစားကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
အာဆင်နယ်အ သင်းဟာ အသင်းရဲ့ အဓိကကြယ်ပွင့်တွေဖြစ်ကြတဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကိုစာချုပ်သစ်ချုပ်ဆိုရာမှာ ချန်ပီ ယံလိဂ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့တာကြောင့် ကစားသမားတွေစိတ်ကြိုက်လစာပမာဏကိုတိုးပေးသင့် ပေမယ့်လည်း အာစင်ဝင်းဂါးအနေနဲ့ ကစားသမားလိုချင်တဲ့လစာကိုတိုးမြင့်ပေးခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အာ ဆင်နယ်အသင်းဟာ လက်ရှိမှာဆန်းချက်ဇ်ကိုလက်လွှတ်ခဲ့ရသလို၊ နောက်ထပ်ကွင်းလယ်လူအိုဇေးလ်ကို လည်း စာချုပ်သစ်ထပ်မံချုပ်ဆိုရခြင်းမရှိသေးပဲ ကစားသမားအနေနဲ့ အမ်ခစ်တာယန်းနဲ့ အူဘာမီးယန်းတို့ရရှိ မယ့်လစာထက် များပြားတဲ့ပမာဏကိုအလိုရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်မတိုင်မီ ကလည်း အသင်းရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ အက်ရှ်လေကိုးလ်၊ အဒီဘာယော၊ ကိုလိုတိုရေး၊ ကလစ်ချီ၊ နာဆရီ၊ ဗန်ပါစီ၊ ဆဂ်ညာတို့ကိုလည်း လစာပြဿ နာများနဲ့ အခြားသောကိစ္စရပ်တွေကြောင့် ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အ သင်းနည်းပြအာစင်ဝင်းဂါးဟာ လူငယ်ကစားသမားလေးတွေကိုမြေတောင်မြောက်ပေးရာမှာ ထူးချွန်လေ့ရှိပေမယ့်လည်း နာမည်ကြီးကစား သမားတွေကိုခေါ်ယူရာမှာနဲ့ အသင်းမှာထိန်းသိမ်းရာမှာတော့ အခြားသောအသင်း တွေလို ထိန်းသိမ်းနိုင်ခြင်းမရှိတာဖြစ်ပါတယ်။