1. Home
  2. Special or Others

နယူးယောက်ပြတိုက်မှ အိမ်ဖြူတော်သို့ ၁၈ ကာရန်ရှိ ရွှေအိမ်သာခွက် တောင်းပန်ကမ်းလှမ်း

Special or Others ม.ค. 26, 2561 view 2,100

နယူးယောက်မြို့တော် Guggenheim ပြတိုက်မှ လက်ရှိအမေရိကန်သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ Van Gogh ရဲ့ နံရံဆေးရေးပန်းချီကားကို အိမ်ဖြူတော်သို့ ငှားပေးဖို့တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။

ဝါရှင်တန်သတင်းဌာနအရ ဒီပြတိုက်ဟာ အိမ်ဖြူတော်ကို ပန်းချီကား မငှားပေးနိုင်တဲ့ကိစ္စအတွက် တောင်းပန်ခဲ့ပြီး အဲ့ဒီအစား ရွှေ ၁၈ ကာရန်ရှိတဲ့ အိမ်သာခွက်ငှားပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပက်သက်လို့  အိမ်ဖြူတော်မှအကြောင်း မပြန်ခဲ့ပါဘူး။

 ပြတိုက်ရဲ့ တာဝန်ရှိသူစကားအရ ဒီဆေးရေးပန်ချီကားဟာ ပြတိုက်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပြီး အရမ်းအရေးကြီးတဲ့ကိစ္စကလွဲလို့ အခြားနေရာတွေကို ငှားဖို့ကန့်သတ်ထားကြောင်း သိရပါတယ်။ အဲ့ဒီအစား ဒီ ရွှေအိမ်သာခွက်ကို အချိန်အကြာကြီး ငှားပေးနိုင်ပြီး စိတ်ဝင်စားပါက ကိုယ်တိုင်ကိုယ်ကျ လာရောက်တပ်ဆင်ပေးနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။

အမေရိကန်သမ္မတနဲ့ သူ့ဇနီးတို့အတွက် အိမ်ဖြူတော်အခန်းတွေမှာ အလှဆင်ဖို့ ဒီလိုမျိုး ငှားရမ်းခြင်းဟာ အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။



Follow us on