1. Home
  2. Special or Others

ကမ္ဘာ့စွဲအားကင်းမဲ့ဇုန် ဝေဟင်ထဲမှာ ကျင်းပမယ့် အမိုက်စား DJ ကလပ်ရှိုး

Special or Others ม.ค. 26, 2561 view 1,431

ဝေဟင်ထက်က စွဲအားကင်းမဲ့နယ်နိမိတ်ထဲမှာ နိုက်ကလပ်ပါတီတစ်ခုကို ဂျာမဏီနိုင်ငံက ပွဲစီစဉ်သူတွေက စီစဉ်ကျင်းပသွားတောမှာဖြစ်ပါတယ်။
ဒီအစီစဉ်မှာ ကမ္ဘာ့အကောင်းဆုံး DJ တွေပါဝင်မှာဖြစ်ပြီး ကခုန်ရတဲ့သီချင်းတွေကိုမှ ရူးသွပ်တဲ့လူငယ် (၂၅)ယောက်ကိုလည်း မဲနှိုက်ရွေးချယ်ပြီး အခမဲ့ဖိတ်ခေါ်သွားမယ်လို့ သိရှိရပါတယ်။


ဒီပွဲကြီးကို အဲဘတ်စ် A310 နဲ့ ဝေဟင်ပေါ်မှာ မိနစ်(၉၀)ကြာ DJ တေးသွားတွေနဲ့အတူ ပျံသန်းကခုန်ကြမှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ အမြင့်တကာ့အမြင့်ဆုံး ကမ္ဘာ့စွဲအားကင်းမဲ့ဇုန်ထဲထိ ထိုးဖောက်ပျံသန်းပြီး (၂၅)မိနစ်ကြာ လေပေါ်မှာ လွှင့်မျောကခုန်ကြရမယ်လို့ ပြောကြားထားပါတယ်။

ဒီဖျော်ဖြေပွဲကို နိုက်ကလပ်ပွဲတွေ စီစဉ်တဲ့ BigCityBeats, World Club Dome တို့နဲ့အတူ အခြားအဖွဲ့တွေ ပူးပေါင်းစီစဉ်ကြတာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်မှူး၊ လေယာဉ်အမှူထမ်းတို့ အပါအဝင် (၅၅)ယောက် လိုက်ပါကြမှာဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေက DJ တေးသွားအက ရူးသွပ်တဲ့ လူငယ် (၂၅)ဦးကို လူမှုကွန်ယက်ပေါ်မှာ ကံစမ်းရွေးချယ်ပြီး ခရီးစဉ်အစဆုံး အခမဲ့ ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်တွေကို ရရှိမယ့် ပွဲတစ်ပွဲဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။



Follow us on