1. Home
  2. Special or Others

လေယာဉ်အင်ဂျင်ထဲဝင်ကာ အသက်စွန့်ပြီး စတိုင်ထုတ်ဓါတ်ပုံရိုက်ခဲ့သူ

Special or Others ม.ค. 26, 2561 view 1,679

သြစတြေးလျနိုင်ငံက လေဆိပ်တစ်ခုရဲ့ လေယာဉ်အင်ဂျင်ထဲဝင်ရောက်ကာ အိုက်တင်အမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ခံခဲ့တဲ့ ပုံတစ်ပုံ အွန်လိုင်းပေါ်ရောက်ခဲ့ပြီးနောက် အားလုံးကြက်သီးထခဲ့ရသည်။

ဆစ်ဒနေဘလောက်ကာ Brown Cardigan ဆိုသူက အဆိုပါဓါတ်ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ “ရိုးလ်ရိုက်စ် နဲ့သေဖို့ သူအတွက်က ဒီအခွင့်အရေးပဲရှိတယ်” ဟု စာတန်းထိုးကာ တင်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံအရ လေဆိပ်ဝန်ထမ်းတစ်ဦးက ဘိုးရင်း 777 လေယာဉ်ရဲ့ ရိုးလ်ရိုက်စ်တာဘိုင် အင်ဂျင်ထဲဝင်ရောက်လဲလှောင်းနေစဉ် အခြားတစ်ဦးက ပစ္စည်းတင်ယာဉ်ငယ်ပေါ်မှ ဓါတ်ပုံရိုက်ပေးနေခြင်းဖြစ်သည်။


အဆိုပါ ဓါတ်ပုံနဲ့ပက်သက်ပြီး ဆစ်ဒနေလေဆိပ်မှ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို ဖော်ပြခြင်းမရှိပဲ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသာ ပြောဆိုခဲ့သည်။
 



Follow us on