1. Home
  2. Special or Others

ကမ္ဘာ့အသေးငယ်ဆုံးအမျိုးသမီးနဲ့ အရပ်အမြင့်ဆုံး အမျိုးသားတို့ တွေ့ကြရာဝယ်

Special or Others ม.ค. 28, 2561 view 2,022

မတူညီကွဲပြားတဲ့ အရာတွေရှိနေခြင်းကိုက ကမ္ဘာကြီးရဲ့ အလှတရားဟုပင် ဆိုရပါလိမ့်မယ်။ လူတိုင်း လူတိုင်းဟာ သူတို့နည်းသူတို့ဟန်နဲ့တော့ ထူးခြားမှုကိုယ်စီရှိနေကြပါတယ်။

ကမ္ဘာပေါ်မှာအရပ်အမြင့်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ အရပ်ရှစ်ပေ အမျိုးသားတစ်ဦးနဲ့ ကမ္ဘာ့အသေးငယ်ဆုံးစံချိန်တင်ထားတဲ့ အမျိုးသမီးတို့နှစ်ဦး တွေ့ဆုံမှုက လူတစ်ဦးနဲ့တစ်ဦးကြားမှာ ကွဲပြားခြားနားမှုတွေ ဘယ်လိုပင်ရှိနေပါစေ တစ်ဦးခြင်းစီမှာ ပြိုင်ဘက်ကင်းတဲ့ ထူးခြားမှုတွေ ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

တူရကီနိုင်ငံက ဆူလတန်ဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အရပ်အမြင့် ၈ ပေ ၁ လက္မနဲ့ ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားအဖြစ် ၂၀၁၁ ခုနှစ်က ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ လူ့သမိုင်းတစ်လျှောက်လုံးမှာ အရပ် ၈ ပေနဲ့အထက် ရှိတဲ့လူဆိုလို့ သူအပါအဝင် (၁၀)ယောက်သာ ရှိခဲ့တာမို့ ထူးခြားတယ်လို့ ဆိုရမှာပါ။

ဆူလတန်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ ပစိကျူထရီ ဂလင်းက ဟော်မုန်းတွေ အလွန်အကျွံထုတ်ပေးတာကြောင့် သာမန်ထက်အရပ်ပိုမြင့်ပြီးကြီးထွားတဲ့ ရောဂါကိုခံစားခဲ့ရတာဖြစ်ပါတယ်။ ဆူလတန်ဟာ ကမ္ဘာ့အရပ်အရှည်ဆုံးစံချိန်သာမက ကမ္ဘာ့လက်အကြီးဆုံးစံချိန်ကိုလဲ တင်ထားသူဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျော်တီအာမီ ဆိုသူ အမျိုးသမီးကတော့ ဆူလတန်နဲ့ တစ်ကယ့်ကိုဆန့်ကျင်ဘက် ကမ္ဘာ့အေသးငယ်ဆုံး လူသားအဖြစ် စံချိန်တင်ခဲ့တဲ့သူဖြစ်ပါတယ်။

သူမအသက် ၂၄ နှစ်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့ အရပ်ကတော့ ၂ ပေသာရှိပြီး မတ်တတ်စမ်းသွားတဲ့ ကလေးအရပ်သာဖြစ်ပါတယ်။ သူမ အသက် ၁၈ နှစ် ၂၀၁၁ ခုနှစ်မှာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပြီး လူပုမျိုးဗီဇကြောင့် သူမရဲ့ အရပ်ဟာ နှစ်ပေထက်လုံးဝ ပိုရှည်မလာတော့တဲ့ ဘွန်ဇိုင်းအမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အီဂျစ်ခရီးသွားလာရေးအဖွဲ့၏ ဖိတ်ကြားမှုနဲ့အတူ အီဂျစ်နိုင်ငံကို ရောက်ရှိနေပြီး ခရီးသွားဧည့်သည် မြှင့်တင်ရေးအစီစဉ်များအတွက် ဆောင်ရွက်နေကြောင်း သိရှိရသည်။
 



Follow us on