1. Home
  2. Football

ပွဲကြည့်ကြပ်ခွင့် (၃)ပွဲပိတ်ခံခဲ့ရတဲ့ အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီ

Football ม.ค. 30, 2561 view 1,579

အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီဟာ ဆီဗီးလားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖ လားကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်အပေါ်ကျူးလွန်ခဲ့တဲ့ အပြုအမူတွေကြောင့် ပွဲကြည့် ကြပ်ခွင့်(၃)ပွဲ ပိတ်ခံရမှာဖြစ်ပါတယ်။

နည်းပြဆီမြွန်နီဟာ ဆီဗီးလားအသင်းကို (၃)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ကွင်းလယ်ဒိုင်ဖြစ်တဲ့ မူနူယာရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ပြီး လှောင်ပြောင်သလို ပြုလုပ်ခဲ့တာကြောင့် ပွဲကြည့်ကြပ်ခွင့်ပိတ်ခံခဲ့ ရတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်အနေနဲ့ သူ့ကိုမလေးမစားပြုမူခဲ့တဲ့ နည်းပြဆီမြွန်နီကို ပွဲကစားချိန်အတွင်းမှာပဲ ပွဲကြည့်ကြပ်ခွင့်ပိတ်ကာ ပွဲကြည့်စင်ကိုစေလွှတ်ခဲ့ပါတယ်။ နည်းပြဆီမြွန်နီဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် စော်ကားပြောဆိုခဲ့တဲ့အပြင် လှောင်ပြောင်တဲ့သဘောနဲ့ လက်ခုပ်ပါတီးခဲ့ပါတယ်။

သူ့အ နေနဲ့ ပွဲကြည့်စင်ကိုစေလွှတ်ခံခဲ့ရတာကြောင့် ပွဲကြည့်ကြပ်ခွင့်တစ်ပွဲပိတ်ခံရမယ့်အပြင် ကွင်းလယ်ဒိုင်ကို လက် ခုပ်တီးကာ လှောင်ပြောင်ခဲ့တာကြောင့်လည်း ပွဲကြည့်ကြပ်ခွင့်(၂)ပွဲ ပိတ်ခံရမှာဖြစ်ပါတယ်။ နည်းပြဆီမြွန်နီဟာ အဆိုပါပြည့်ဒဏ်ကို စပိန်ဘုရင့်ဖလားပွဲစဉ်တွေမှာသာကျခံရမှာဖြစ်ပြီး ယခုနှစ်စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဆီမြွန် နီရဲ့အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာပဲ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် လာ မယ့်နှစ်ဘောလုံးရာသီ ပြိုင်ပွဲမှာမှ(၃)ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်း ဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဆီဗီးလားအသင်းကို အိမ်ကွင်း၊အဝေးကွင်း (၂)ကျော့စလုံး ရှုံးနိမ့်ခဲ့ပြီး (၂)ကျော့ပေါင်းရလဒ် (၅)ဂိုး၊(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဆီဗီလားအသင်းက ဆီမီးဖိုင်နယ်အဆင့်ကိုတက် ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2255033034522814/

 



Follow us on