1. Home
  2. Special or Others

မင်္ဂလာပွဲနောက်ကျခဲ့တဲ့သတို့သမီးကို သူမရဲ့သတို့သားလောင်းမှ စွန့်ပစ်

Special or Others ม.ค. 30, 2561 view 1,568

အမျိုးသမီးတစ်ဦးဟာ သူမကိုယ်တိုင်ရဲ့ မင်္ဂလာပွဲကို နောက်ကျပြီးရောက်သွားခဲ့တဲ့အတွက် သူမရဲ့ သတို့သားမှစွန့်ပစ်သွားခဲ့ပါတယ်။

Nichloa Tuohy ဟာ သူမရဲ့မင်္ဂလာပွဲဖြစ်မြောက်ဖို့အတွက် ယူရို ၁၂၀၀၀ ကျော်သုံးခဲ့ပြီး မင်္ဂလာပွဲကို မိတ်ကပ်မပါ၊ မင်္ဂလာဝတ်စုံမပါနဲ့ အခမ်းအနားပြီးဆုံးခါနီးမှ ရောက်သွားခဲ့ပါတယ်။

ဖြစ်ပုံအရ သူမဟာ မနက်ဖြန်ကျင်းပမဲ့ မင်္ဂလာပွဲမှာဝတ်မဲ့ ၀တ်စုံအားလုံးကို အဲ့ဒီမှာ တစ်ခါတည်းအရန်သင့်ပြင်ဆင်ခဲ့ပြီး အိမ်သို့ပြန်သွားခဲ့ပါတယ်။

အိမ်ပြန်ရောက်တဲ့အချိန်မှာ သူမရဲ့မိဘတွေက ဒီပွဲကို သဘောမတူတဲ့အတွက် တက်ရောက်မှာ မဟုတ်ကြောင်း အချင်းချင်း စကားများခဲ့ကြပြီး မင်္ဂလာပွဲကို သူမတစ်ယောက်တည်းထွက်လာခဲ့ရပါတယ်။ ကံဆိုးချင်တော့ သူမရဲ့ သတို့သမီးအရံဟာလည်း သူမရဲ့ကလေးနေမကောင်းတဲ့အတွက် ပျက်ကွက်ခဲ့ပါတယ်။

 နောက်ဆုံးမှာတော့ သူမတစ်ယောက်တည်း မိုင် ၂၀ လောက်ဝေးတဲ့ခရီးကို မိနစ် သုံးဆယ်နဲ့ ရောက်အောင် ကားမောင်းလာခဲ့သော်လည်း အရမ်းနောက်ကျသွားခဲ့တဲ့အတွက် အဲ့ဒီမင်္ဂလာဧည့်ခံပွဲမှာပဲ သူတို့နှစ်ယောက် ပြတ်သွားခဲ့ပါ တယ်။ 



Follow us on