1. Home
  2. Myanmar News

မှန်တွင်စတစ်ကာ၊ ကြောငြာနှင့် လိုက်ကာများတပ်ဆင်ထားသည့် တက္ကစီများ စတင်အရေးယူ

Myanmar News ม.ค. 31, 2561 view 1,579

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျှက်ရှိသော တက္ကစီအငှဦးယာဉ်များ၏ ကားမှန်များတွင် စတစ်ကာကပ်ခြင်း၊ ကြောငြာကပ်ခြင်း၊ လေစုပ်ခွက်နေကာများနှင့် လိုက်ကာများတပ်ဆင်ထားပါက ဖမ်းဆီးအရေးယူမှုများကို ဖေဖော်ဝါရီ(၁) ရက်နေ့မှ စတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားသည်။

လိုက်နာခြင်းမရှိသော တက္ကစီများကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းသည်အထိ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှိုးဆော်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
FDA ဝန်ထမ်း အမျိုးသမီးငယ် တစ်ဦးအား တက္ကစီမောင်းသူမှ လူသတ်၊ အဓ္ဓမပြုကျင့်ပြီး ပစ္စည်းလုယက်ကာ အလောင်းဖျောက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မှုခင်းကျဆင်းရေးအတွက် အဆိုပါအချက်လက်များကို တက္ကစီများအနေနဲ့ တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်း သိရှိရသည်..။
 



Follow us on