1. Home
  2. Special or Others

သ၀န်တိုတဲ့ချစ်သူမှ ငယ်ပါကို ဓားနဲ့ဖြတ်

Special or Others ก.พ. 01, 2561 view 1,768

Khazakhstan မြို့တော်၊ Astana မှ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်သူကို အိပ်ဆေး အလွန်အကျွံ တိုက်ခဲ့ပြီး ဘယ်တော့မှ ပြန်မပြုပြင်နိုင်တော့တဲ့ ဒဏ်ရာမျိုးပေးခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ရဲများမှ ပြောပြချက်အရ အသက် ၃၆ နှစ်အရွယ် Zhanna Nurzhanova ဟာ သူမရဲ့ကောင်လေးဖုန်းမှ သူ့ညီမပို့ထားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံကိုတွေ့ပြီး ဘယ်သူလဲလို့ မေးခဲ့ပါတယ်။ သူမချစ်သူ မှ အသိတစ်ယောက်ဖြစ်ကြောင်း ပြောပြခဲ့ပြီး ထိုအသိရဲ့ရုပ်ရည်သွင်ပြင်ကို ချီးမွမ်းခဲ့တဲ့အတွက် မနာလို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ သူမဟာ သူမချစ်သူမသိအောင် အိပ်ဆေးများတိုက်ခဲ့ပြီး အိပ်ပျော်သွားတဲ့ အချိန်မှာ ထိုချစ်သူရဲ့ ငယ်ပါကို ဓားနဲ့ဖြတ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့အချိန်မှာ သူမချစ်သူကို ဆေးရုံသို့ ကိုယ်တိုင်လိုက်ပို့ပေးခဲ့ပြီး ဆရာဝန်များမှ ရဲများကို အသိပေးခဲ့တဲ့အတွက် လာရောက်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ရခဲ့တဲ့ ဒဏ်ရာဟာ ပြင်းထန်တဲ့အတွက် ပြန်လည်ပြုပြင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဆရာဝန်များမှ အသိပေးခဲ့ပါတယ်။

ဒီလိုလုပ်ခဲ့တဲ့အတွက် သူမကို တရားရုံးမှ ထောင်ခြောက်နှစ်ချခဲ့ပြီး ဒီအကြမ်းဖက်မှုကို သူတို့နိုင်ငံသတင်းစာများ မှာ ရေးသားဖော်ပြခဲ့ပါတယ်။



Follow us on