တရုတ်နိုင်ငံမှာရှိတဲ့ သတို့သမီးအရံတစ်ဦးဟာ မင်္ဂလာညစာစားပွဲတစ်ခုမှာ အရက်သောက်ဖို့ တွန်းအားပေးခြင်းခံခဲ့ရသဖြင့် အရက်သောက်ခဲ့ပြီး အဆိပ်သင့်ကာ သေဆုံးခဲ့ပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ သူမဟာ ဟိုတယ်ခန်းတစ်ခုမှာ မျက်နှာအောက်စိုက်ပြီး သေနေကြောင်း ရဲများမှ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သူမရဲ့မိသားစုမှ အဆိုပါညစာစားပွဲမှာ သူမကို အရက်သောက်ဖို့တွန်းအားပေးခြင်းခံရတယ်လို့ ယူဆကြပြီး မင်္ဂလာသတို့သမီးမှ မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။ တရုတ်ပြည်နယ်သတင်းစာတစ်ခုအရ အဆိုပါ ကောင်မလေး ဟာ အချိုရည်အပျော့ကို မင်္ဂလာပွဲ ပထမပိုင်းမှာ သောက်သုံးနေခဲ့ပြီး လက်ထပ်တဲ့စုံတွဲကို ချီးမြှောက်တဲ့ ရိုးရာအခမ်းအနားမှာ အရက်ကို ပြောင်းသောက်ခိုင်းခြင်းခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ပြင်းတဲ့အရက်ဖြူသောက်ခြင်းဟာ တရုတ်မင်္ဂလာပွဲတွေရဲ့ အရေးကြီးတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။ အဆိုပါညစာစားပွဲဟာ ညတစ်နာရီလောက်မှာ ပြီးသွားခဲ့ပြီး ဟိုတယ်ကင်မရာများအရ ထိုအမျိုးသမီးဟာ မကြာခဏလဲကျနေပြီး ဟိုတယ်ဝန်ထမ်းနှစ်ယောက်မှ လက်ချင်းချိတ်ခေါ်သွားပေးခဲ့ရပါတယ်။ သူမ အခန်းထဲရောက်တဲ့အချိန်မှာ မျက်နှာအောက်စိုက်လျက် အိပ်ပျော်သွားတယ်လို့ ယူဆကြပြီး သူမရဲ့ အပေါင်းအပါတွေမှ ကိုယ်စီ အရက်သောက်ရင်း သူတို့ ဘာသာ အိပ်ပျော်သွားတယ်လို့ သိရပါတယ်။