1. Home
  2. Special or Others

ဟောင်ကောင်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးထပ်မံတွေ့ရှိ

Special or Others ก.พ. 02, 2561 view 1,768

မနေ့က ဟောင်ကောင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးလို့ ယူဆရတဲ့ အရာတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ဧရိယာအတွင်းမှာ နေထိုင်တဲ့ လူပေါင်း ၄၀၀၀ ကျော်ကို အရေးပေါ်ရွေ့ပြောင်းမှုများ ပြု လုပ်ပေးခဲ့ရကြောင်း သိရပါတယ်။

ဟောင်ကောင်မြို့မှ ရဲတွေဟာ ဗုံးတွေ့တွေ့ချင်း ကျွမ်းကျင်ပညာရှင်များကို ဖုန်းဆက်ခဲ့ပြီး ညတွင်းချင်း ဗုံးဖြုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီတစ်ခေါက်ဟာ ဟောင်ကောင်မှာ ဗုံးတွေ့တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒီတစ်ခေါက်ဗုံးဟာ အမေရိကန်နိုင်ငံထုတ် AN-M65 အမျိုးအစားဖြစ်ပြီး အလေးချိန် ၄၅၀ ကီလိုဂရမ်ရှိကြောင်း သိရပါတယ်။

ဒီဗုံးဟာ Wan Chai လမ်းကြားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ မြေကြီးအောက်မှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေခဲ့ပြီး ရဲများမှ ထိုလမ်းရဲ့ နေရာတော်တော်များများကို ပိတ်ခဲ့ပြီး မြို့တစ်ဝိုက် ယာဉ်သွားလာမှုများ ရပ်ဆိုင်းခဲ့ပါ တယ်။

ဗုံးစနက်တံဖြုတ်တဲ့နေရာဟာ ကြီးကြီးမားမားထိခိုက်ထား ကြောင်းတွေ့ရပြီး ထိုဗုံးဟာလည်း ဗုံးဖြုတ်ကိရိယာများရောက်ဖို့ ဝေးတာကို တွေ့ရှိခဲ့ကြပါတယ်။ ထိုဆောက်လုပ်ရေးခွင်မှ မြေကြီးဟာ မိုးများရွာသွန်းမှုကြောင့် စိုစွတ်နေ ကြောင်း သိရပါတယ်။

 ဗုံးဖြုတ်သမားများဟာ ထိုဗုံးရဲ့ အခွံပေါ်မှာ အပေါက်တစ်ပေါက်ဖောက်ခဲ့ပြီး အထဲမှ ပေါက်ကွဲစေတဲ့ပစ္စည်းများကို  မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်မှာတော့ ကရိမ်းနဲ့ မတင်ပြီး ဘေးကင်းရာကို ရွေ့ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ဗုံးဖြုတ်ခဲ့တာ တစ်ရက်တိတိကြာခဲ့ကြောင်းလည်း သိခဲ့ရပါတယ်။



Follow us on