1. Home
  2. Special or Others

ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်မယ့် ဆေးတစ်မျိုး လူသားများမှာ စတင်စမ်းသပ်

Special or Others ก.พ. 02, 2561 view 1,594

သိပ္ပံပညာရှင်တွေဟာ အသစ်ဖန်တီးပြုလုပ်ထားတဲ့ ကင်ဆာရောဂါပျောက်ကင်းစေနိုင်မယ့် ဆေးတစ်မျိုးကို လူသားများအပေါ်မှာ စတင်စမ်းသပ်ခဲ့ကြပါတယ်။

ဒီဆေးကို ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ ကြွက်များမှာ စတင်စမ်းသပ်ခဲ့ပြီး အောင်မြင်မှုများတွေ့ရတဲ့နောက်မှာတော့ လူသားများအပေါ်မှာ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စမ်းသပ်မှုရလဒ်များအရ ဒီစမ်းသပ်ခံကြွက်တွေမှာ ရှိတဲ့ ရင်သား၊ အူမကြီးနဲ့ အရည်ပြားကင်ဆာအကြိတ်တွေဟာ ပျောက်သွားခဲ့ပြီး  နောက်တစ်ခါ ထပ်မံမဖြစ်တော့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒီဆေးဟာ အနည်းငယ်ဆွဲဆန့်ထားတဲ့ DNA နဲ့ ကင်ဆာဆဲလ်တွေကို ပြန်လည်တိုက်ခိုက်နိုင်တဲ့ ပိုးသတ်ဆေးတစ်မျိုး ပေါင်းပြီး ထုတ်လုပ်ထားတာဖြစ်ပြီး ရလဒ်တွေက အံ့သြဖို့ကောင်းကြောင်း ကယ်လီဖိုးနီးယားပြည်နယ် Stanford တက္ကသိုလ်မှ ဦးဆောင်ပါမောက္ခ Ronald Levy မှ ပြောပြခဲ့ပါတယ်။

သူမှ ဒီနှစ်မျိုးကို ပေါင်းလိုက်တဲ့အခါမှ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ကင်ဆာအကြိတ်တွေကို လုံးဝအမြစ်ပြတ်ရှင်းပစ်နိုင်တယ်ကြောင်း၊ ဒီရှာဖွေတွေ့ရှိမှုဟာ ခန္ဓာကိုယ်အနှံ့ ကင် ဆာဆဲလ်ပျံ့နှံ့ သွားသူများအတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆေးဟာ ကင်ဆာရောဂါအမျိုးအစား တစ်ခုဆိုတစ်ခုသာ ပျောက်ကင်းစေနိုင်ပြီး ကင်ဆာရောဂါအားလုံးအတွက် သုံးလို့မရသေးကြောင်း ရှင်းပြခဲ့ပါတယ်။

မတူညီတဲ့ ကင်ဆာရောဂါဆဲလ်များအတွက် ဆေးအမျိုးအစားပေါင်းများစွာထုတ်လုပ်ထားပြီး တစ်ခုကို လူတစ်ဦးမှာ စတင်စမ်းသပ်ခဲ့ပြီး၊ အခြားဆေးများမှာတော့ မတူတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာရှိတဲ့ လူနာတွေမှာ စမ်း သပ်ဖို့ မျှဝေထားကြောင်း သိရပါတယ်။



Follow us on