1. Home
  2. Good Morning Myanmar

ဆမ်ဆောင်း၏ရှယ်ယာတန်ဖိုး ဖြိုခွဲ

Good Morning Myanmar ก.พ. 05, 2561 view 1,552
ဇန်န၀ါရီလ(၃၁)ရက်၊တောင်ကိုရီးယားနိုင်ငံရဲ့စတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်လိုက်ချိန်မှာ တောင်ကိုရီးယားနိုင်ငံက အီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်ဆောင်းဟာ ၀င်ငွေပိုတိုးလာ တယ်လို့ ကြေညာခဲ့သလို့ စတော့ရှယ်ယာတွေရဲ့တန်ဖိုးကို ဖြိုခွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။ဆမ်ဆောင်းစတော့ရှယ်ယာတွေရဲ့တန်ဖိုးဟာ တစ်ရက်ထဲမှာတင် တစ်မှတ်ကို (၈)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးဖြိုခွဲခဲ့တာဟာ (၅၀)ဆ(၁)ဆအချိုးအတိုင်းဖြစ်တယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြပါတယ်။
 
 
ဆမ်ဆောင်းရှယ်ယာတစ်ခုရဲ့တန်ဖိုးဟာ တောင်ကိုရီးယားဝမ်ငွေ(၂)သန်းကနေ ၀မ်(၅၀၀၀၀)အထိကျဆင်းခဲ့ပြီး အခုလိုတန်ဖိုးကျဆင်းခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းပိုရတယ်လို့သိရပါတယ်။စတော့ဈေးကွက်ကလည်း ဆမ်ဆောင်းရဲ့ဆုံးဖြတ်ချက်ကို အပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေပြုလုပ်ခဲ့တာကြောင့် ဆမ်ဆောင်းဟာ ရှယ်ယာပိုင်ဆိုင်သူတွေ အတွက် လုပ်ဆောင်နိုင်တာတွေကို လုပ်ပေးသွားမယ်ဆိုတဲ့သဘောကို ထုတ်ပြလိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယား စီးပွားရေးသုံးသပ်သူတွေကပြောပါတယ်။ရှယ်ယာရှင်တွေများလာတာဟာ စီမံခန့်ခွဲမှု အပိုင်းမှာပိုပြီးတော့ ခြားနားတဲ့အမြင်တွေရှိလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
 
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2260783747281076/


Follow us on