အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)ကနေ Online Complaint Center Viber ဖုန်းနံပါတ်များသို့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များအား တိုင်းတန်းမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်သူများမှ Viber ဖြင့်တိုင်ကြားမှုကို စတင်အရေးယူဆောင်ရွက်ခဲ့တဲ့ (၁၂.၈.၂၀၁၅)မှ (၃၁.၁.၂၀၁၈)ရက်နေ့ထိ အရေးယူမှု အမှုစာရင်း စုစုပေါင်း (၁၈၈၄၀)ကျော် ရှိနေပြီလို့ သိရပါတယ်။
ဒီလိုမျိုး စတင်အရေးယူတဲ့နေ့ (၁၂.၈.၂၀၁၅)မှ(၃၁.၁.၂၀၁၈)ရက်နေ့ထိ အရေးယူမှု အမှုစာရင်းစုစုပေါင်း (၁၈၈၄၀)ကျော်ရှိသည့်အနက် လာရောက်ဒဏ်ဆောင်ပြီးတဲ့ အမှုစာရင်းကတော့ ( ၁၂၅၄၆)ရှိပြီဖြစ်ပါသည်။ Viber ဖုန်းနံပါတ်များသို့ ပေးပို့တိုင်တန်းမည်ဆိုပါက ပြစ်မှု ထင်ရှားသည့် ၊ သက်သေထင်ရှားသည့်၊ ယာဉ်နံပါတ်ထင်ရှားသည့် မှတ်တမ်းဓါတ်ပုံ၊ နေ့ရက်၊ အချိန် ၊ နေရာနှင့်အတူ ပေးပို့တိုင်ကြားရမှာလဲ ဖြစ်ပါတယ်။
ဒီလို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သည့်ယာဉ်တွေကို တိုင်ကြားတဲ့ အခါမှာ တော့ ဖုန်းနံပါတ်-၀၉၇၇၇၄၃၆၂၃၂ ၊ ၀၉၇၇၇၄၃၆၂၃၃ နဲ့ ၀၉၇၇၇၄၃၆၂၃၄ တို့ကို ပေးပို့တိုင်ကြားနိုင်တယ်လို့ Yangon Traffic Police ကနေ ထုတ်ပြန်ထားပါတယ်။