အတ္တလန္တိတ် သမုဒ္ဒရာထဲ ၁၆ ရက်ကြာ မျောပါခဲ့သူတစ်ယောက်ဟာ အာလူးကြော်နဲ့ ကွတ်ကီးစားပြီး အသက်ရှင်သန်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဆင်မြူရယ်မော့စ် (Samuel Moss Jr. of Nassau) ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဘဟားမားစ်ကျွန်းစုမှာရှိတဲ့ ဘီမီနီကျွန်းကနေ နက်ဆောကျွန်းကို ၂၁ ပေရှည်တဲ့ ငါးဖမ်းစက်လှေငယ်နဲ့ သွားရောက်ရာမှာ လှိုင်းကြီးနေတုန်း စက်လှေငယ် လောင်စာပြတ်တောက်သွားခဲ့ပါတယ်။
ဆင်မြူရယ်ဟာ မိုးကာစကို ရွက်လုပ်ပြီး ကျောက်ဆူးကို ပဲ့ထိန်းလိုအသုံးပြုလို့ အတ္တလန္တိတ် သမုဒ္ဒရာထဲ တစ်ကိုယ်တော် ရွက်လွှင့်ခဲ့ရပါတယ်။ သူဟာ အာလူးကြော်၊ ကွတ်ကီးနဲ့ ရေသန့်ဗူးတွေ ရှိနေတဲ့အတွက် ၁၂ ရက်ကြာ စားသောက်ခဲ့ရပေမယ့်ပေ ၄၀ အမြင့် လှိုင်းလုံးကြီး ပုတ်ခံရလို့ သူ့ရိက္ခာတွေ မျောပါခဲ့ပြီးနောက်မှာတော့ မစားရ၊ မသောက်ရဘဝ ဖြစ်သွားပါတယ်။
ဖလော်ရီဒါပြည်နယ် West Palm ကမ်းလွန်ဘက် ၁၀ မိုင်အကွာမှာ အခြား လှေတစ်စီးက သူ့ကိုမြင်တွေ့လို့ ကယ်တင်နိုင်ခဲ့တာပါ။ သူ့ကို တွေ့ရချိန်မှာ ခန္ဓာကိုယ်ထဲ ရေဓာတ်ခန်းခြောက်မှု ဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ သူ့ကို ကုသပေးတဲ့ ဆရာဝန်က ပြောပါတယ်။ ဆမ်မြူရယ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကလည်း သမုဒ္ဒရာထဲမှာ (၃) ရက်ကြာ မျောပါခဲ့ပြီး ဘဟားမားစ်တော်ဝင် ကာကွယ်ရေးတပ်ဖွဲ့က သူ့ကို ကယ်ဆယ်ခဲ့ရပါသေးတယ်။
Credit >...> မြန်မာ့သတင်းစုံ - Myanmar News