1. Home
  2. Special or Others

အလုပ်များလွန်းသူတွေအတွက် အစားထိုးနည်းပညာ “လူသားအူဘာ” လာပြီ

Special or Others ก.พ. 07, 2561 view 1,446

ဒီနှစ်ဗယ်လင်တိုင်းဒေးမှာ ချစ်သူနဲ့ မတွေ့နိုင်လောက်အောင် သင်ဟာတစ်ကယ်ပဲ အလုပ်တွေများနေပြီလား..?
စိတ်မပူပါနဲ့ ကိုယ်တိုင်သွားတွေ့စရာမလိုပဲ ချစ်သူကို လက်ဆောင်တွေ ပေးနိုင်မယ်၊ ကိုယ်ပြောချင်တဲ့ စကားတွေ ကိုယ်တိုင်တိုက်ရိုက် ပြောလို့ရမယ့် နည်းပညာကို ဂျပန်လူငယ်ပညာရှင် Jun Rekimoto က မိတ်ဆက်ပေးလိုက်ပါပြီ။

ဒီနည်းပညာကို အမှန်တစ်ကယ်အလုပ်များတဲ့သူတွေ၊ အရေးကြီးတဲ့ အစည်းအဝေးကို မတက်ရောက်နိုင်သူတွေအတွက် ကိုယ်စားလုပ်ဆောင်ပေးမယ့် နည်းပညာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာကို အရောက်သွားဖို့ အခြားလူတစ်ဦးတော့ လိုအပ်ပါတယ်။

မျက်နှာပြင်စခရင်ပါတဲ့ ဦးထုတ်ကို ကိုစားသွားရောက်သူက ဆောင်းသွားရပြီး မျက်နှာပြင်မှာတော့ ကိုယ့်ရဲ့ ရုပ်နဲ့ အသံတို့ကို တိုက်ရိုက်ပြောကြားနိုင်တဲ့အတွက် တစ်ဖက်လူနဲ့ တိုက်ရိုက် ပြောဆိုဆက်ဆံရသလို ဖြစ်စေပါတယ်။
ဒါပေမယ့် အနည်းငယ် ရယ်စရကောင်းတဲ့ ဒီနည်းပညာကို ဘယ်သူတွေက အသုံးပြုမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်..။
 



Follow us on