1. Home
  2. Health Fix

အအိပ်များတာ အအိပ်နည်းတာတွေက နာတာရှည်ရောဂါ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်

Health Fix ก.พ. 07, 2561 view 1,719
 လေ့လာမှုအသစ်တစ်ရပ်အရ အအိပ်များတာ၊အအိပ်နည်းတာတွေက ဆီးချိုရောဂါ၊နှလုံးသွေးကြောကျဉ်းတာ၊ အဝလွန်တာလိုမျိုး နာတာရှည်ရောဂါ တွေ ခံစားရနိုင်ခြေနဲ့ဆက်စပ်နေတယ်၊လို့သိရပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေက တစ်နေ့ကို အိပ်ချိန် ၁၀ နာရီထက်ပိုတဲ့သူတွေနဲ့ အိပ်ချိန် ခြောက်နာရီထက်နည်းတဲ့ သူတွေကို လေ့လာခဲ့ပါတယ်။Centers for Disease Control and Prevention (CDC) က သုတေသီတွေက သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို SLEEP ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
 
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အိပ်စက်မှုပုံစံနဲ့ အဝလွန်တာ၊ စိတ်ဓာတ်ကျတာ လိုမျိုး နာတာရှည်ဝေဒနာတွေအကြားမှာ ဆက်စပ်မှုရှိနေပါတယ်လို့ လေ့လာမှုကို အတူဦးဆောင်လုပ်ကိုင်နေတဲ့သုတေသီ ဒေါက်တာ Janet B.Croft က ပြောကြား ခဲ့ ပါ တယ်။
 
 
ဆရာဝန်အများစုက နာတာရှည်ဝေဒနာသည်တွေကိုကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှုမပေးခင်မှာသူတို့ရဲ့စိတ်ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်တွေနဲ့အတူ အိပ်စက်မှုပုံစံတွေကိုပါ ထည့်သွင်း စဉ်းစားကြတယ်လို့လည်း သူမက ဆိုပါတယ်။လေ့လာမှုအတွင်း သုတေသီတွေက အသက်၄၅ နဲ့ ၄၅ နှစ်အထက်အရွယ် လူ ၅၄,ဝဝဝ ရဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကိုလေ့လာခဲ့ပါတယ်။
 
 
လေ့လာမှုမှာ ပါဝင်သူတွေထဲက ၃၁ ရာခိုင်နှုန်းက တစ်နေ့ကို ခြောက်နာရီသာ အိပ်ကြတဲ့ short sleepers တွေဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကျော်က တစ်နေ့ကို ခြောက် နာရီကနေ ကိုးနာရီ ကြားအိပ်ကြတဲ့ ၊’optimal sleepers’၊ တွေဖြစ်ကြသလို  ကျန်လေးရာ ခိုင်နှုန်းကတော့ တစ်နေ့ကို ၁၀ နာရီထက် ပိုအိပ်တဲ့ long sleepers သ မား တွေပါ။လေ့လာမှုအတွင်း သုတေသန အဖွဲ့က အိပ်စက်ချိန်မတူသူတွေကို လေ့လာတဲ့အ ခါအိပ်ချိန် များလွန်းသူတွေမှာရော အိပ် ချိန်နည်းတဲ့သူတွေမှာပါ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာ၊ဆီးချိုရောဂါ၊ အဝလွန်တာ၊စိတ်ဓာတ်ကျရောဂါခံစားရ နိုင် ခြေတွေ များနေတာကို တွေ့ ရှိခဲ့ရပါတယ်။
 
 
“အိပ်ချိန်များတိုင်း အိပ်ရေးဝဝအိပ် ဖြစ် တယ်လို့မဆိုနိုင်ပါဘူး၊လူတိုင်း ကျန်း မာဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာ ဟာရမျှတတဲ့ စားသောက်မှု၊သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု၊ မှန်ကန်တဲ့အိပ် စက် မှုပုံစံတွေရှိနေဖို့ လိုအပ်ပါတယ်လို့ Am-erican Academy of Sleep Medicine (AASM) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ  M.Saf-wan Badr က ပြောပြပါတယ်။ လူတစ်ယောက်အနေနဲ့ကျန်းမာတဲ့ အိပ်စက်မှု ပုံစံဖြစ်ဖို့ဆိုရင် တစ်ညကို ခုနစ် နာရီ ကနေ ကိုးနာရီအတွင်းပဲ အိပ်စက်ပေးသင့်ပါတယ်လို့လည်း ဆိုပါတယ်။
 
Credit to Op


Follow us on