1. Home
  2. Special or Others

သိန်းရာနဲ့ချီ ဝင်နေတဲ့ ကမ္ဘာ့အသက်ငယ်ဆုံး ယောဂနည်းပြဆရာ

Special or Others ก.พ. 07, 2561 view 1,696

ယောဂကျင့်စဉ်နဲ့ ယောဂသင်တန်းတွေဟာ ကျန်းမာရေးကို အလေးထားလာကြတဲ့ ယနေ့ခေတ်မှာ အတော်လေး ခေတ်စားလာပါတယ်။ များသောအားဖြင့် ယောဂနည်းပြဆရာတွေဟာ အရွယ်ရောက်ပြီးသားသူတွေဖြစ်လေ့ရှိပေမယ့် တရုပ်နိုင်ငံက အသက် ၇ နှစ်သာရှိသေးတဲ့ ကောင်းလေးတစ်ဦးက အရည်အချင်းပြည့်ဝတဲ့ ယောဂနည်းပြဆရာတစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

သူဟာ ယောဂသင်တန်းနည်းပြအဖြစ် လုပ်ကိုင်နေရင်း တရုပ်ယွမ်ငွေ တစ်သိန်းကျော် (ကျပ်သိန်း နှစ်ရာကျော်) ဝင်ငွေရရှိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ “မိုက်” ဟာ ယောဂလေ့ကျင့်နည်းကို သူ့ရဲ့မိခင်ထံကနေ အသက် ၃ နှစ်အရွယ်ကစပြီး သင်ယူခဲ့တာဖြစ်ပါတယ်။

တစ်ကယ်တော့ သူယောဂနည်းပြလေးတစ်ယောက် ဖြစ်လာတဲ့အကြောင်းရင်းက ရှိပါတယ်။ သူ့ရဲ့မိခင် “ရီဝမ်ယမ်”ဟာ စီးပွားရေးအတွက် အဝတ်အထည်ဆိုင်ဖွင့်ထားတာကြောင့် သားဖြစ်သူကို အသက် နှစ်နှစ်အရွယ်မှာထဲက နေ့ကလေးထိန်းကျောင်း ပို့ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကလေးဟာ အထီးကျန်တဲ့ စိတ်ဝေဒနာခံစားလာရတာကို ဆရာဝန်တွေနဲ့ စစ်ဆေးပြီးနောက် သိလာရတဲ့အတွက် ကလေးကို အချိန်ပြည့် စောင့်ရှောက်နိုင်ဖို့အတွက် သူမရဲ့ အဝတ်အထည်ဆိုင်ကိုပင် ပိတ်ခဲ့ပါတယ်။

အဲဒီနောက် ကလေးကိုမျက်စိအောက်က အပျောက်မခံတော့ပဲ သူမယောဂသင်တန်းသွားတက်တဲ့ နေရာကိုပါ ခေါ်ဆောင်သွားပါတော့တယ်။ အဲဒီအချိန်မှာ “မိုက်” က သုံးနှစ်သားပဲရှိပါသေးတယ်။

တစ်နေ့တော့ ယောဂသင်တန်းက အိမ်ပြန်ရောက်တဲ့အချိန်မှာ “မိုက်”က သူ့မိခင် သင်တန်းမှာ သင်ကြားလာတဲ့ ယောဂနည်းစနစ်တွေ အားလုံးကို ပြန်လုပ်ပြပါတယ်။

အဲဒီမှာတင် မိဘတွေ အလွန်ပဲအံ့အားသင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားဖြစ်သူဟာ ယောဂကျင့်စဉ်ဘက်မှာ ပါရမီရှိတယ်လို့ သိသွားပြီး မိဘနဲ့ကလေးအတူ တက်ရောက်ရတဲ့ ယောဂသင်တန်းမှာ သွားရောက်သင်ယူခဲ့ပါတယ်။
သင်းတန်းကို ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားသလို နည်းစနစ်တွေအားလုံးကိုလည်း “မိုက်”က မှတ်မိနေပါတယ်။ အဲဒီနောက်မှာ ယောဂနည်းပြအောင်လက်မှတ်လည်း ရရှိခဲ့ပြီး သူနဲ့ရွယ်တူ ကလေးတွေကို သင်ပေးရတဲ့ ယောဂဆရာတစ်ဦးအဖြစ် ပြန်လည်လုပ်ကိုင်နေပါပြီ။

သူ့ရဲ့သင်တန်းမှာ သင်တန်းသား ၁၀၀ လောက်ရှိပြီး အများစုဟာ အသက် ၇ နှစ်မှ ၈ နှစ်ဝန်ကျင်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် “မိုက်”ဟာ ရုပ်သံအစီစဉ် ခုနှစ်ခု ရှစ်ခုလောက်မှာလဲ ယောဂနည်းပြ တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် ယောဂကျင့်စဉ်တွေကို သင်ပြပေးနေရပါတယ်။

သူ့ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ယောဂနည်းပြဆရာတစ်ဦးလည်း ဖြစ်ပါတယ်။



Follow us on