1. Home
  2. Movie Stars - Celebrity

ဗေဒင်ဆရာ အောင်ချစ်ပို ကို အရေးယူပေးပါရန် လူရွှင်တော် ဒိန်းဒေါင်၏ သမီးဒိန်းပိုပိုဒေါင် ရဲစခန်းသို့ တိုင်ကြား

Movie Stars - Celebrity ก.พ. 07, 2561 view 1,850
ဗေဒင်ဆရာ အောင်ချစ်ပိုကို အရေးယူပေးပါရန် လူရွှင်တော်ဒိန်းဒေါင်၏ သမီးဖြစ်သူ သရုပ်ဆောင် ဒိန်းပိုပိုဒေါင်က စမ်းချောင်းမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
 
 
ဗေဒင်ဆရာ အောင်ချစ်ပိုကို ရာဇသတ်ကြီးပုဒ်မ ၃၅၄(အမျိုးသမီးအပေါ် ကာယိနြေ္ဒ ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန်ခြင်း) ၊ ၅၀၉(အမျိုးသမီးအပေါ် ကာယိနြေ္ဒ ပျက်စီးရန် ရည်ရွယ်ပြီး စကား(သို့) ကိုယ်အမူအရာ ပြုလုပ်မှု) တို့ဖြင့် အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း သရုပ်ဆောင် ဒိန်းပိုပိုဒေါင် က မီဒီယာများကိုပြောသည်။
 
 
Credit ... Popular Journal


Follow us on